အမေရိကန် ပြည်ထောင်စု ဖလောရီဒါ ပြည်နယ် တောင်ဘက်စွန်းက မာရသွန်မြို့မှာ အောက်တိုဘာ ၁၇ ရက်နေ့က ကျောက်ကဏန်း အစားပြိုင်ပွဲကို ကျင်းပခဲ့ ကြပါတယ်။ ပြိုင်ပွဲဝင် ၃၀ ကျော် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ကြပြီး ကျောက်ကဏန်း လက်မအခု ၂၀ ကို အမြန်ဆုံး ကုန်အောင် စားနိုင်သူက ပထမဆု ရရှိတာပါ။
အခုနှစ်ရဲ့ ကျောက်ကဏန်း ကောက် ရာသီကို ဒီပြိုင်ပွဲနဲ့ စတင် လိုက်တာ လို့လည်း ဆိုပါတယ်။ တဦးချင်း ပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူး သွားသူကတော့ ၁၄ မိနစ်နဲ့ စက္ကန့် ၂၀ အတွင်း ကဏန်းလက်မ ၂၀ ကို အကုန် စားနိုင် ခဲ့တာပါ။
ဗိုလ်စွဲခဲ့သူက “ကလေးဘ၀ ကတည်းက မိသားစု ကျောက်ကဏန်း စားဝိုင်းတွေမှာ အမြန်ဆုံး မစားနိုင်ရင် စားစရာ မကျန်တဲ့ အတွက်ကြောင့် အမြန်ဆုံး စားတတ် ခဲ့တာ”လို့ ပြောဆို ပါတယ်။
အများစု သုံးတဲ့ ကဏန်းလက်မ ခွဲစက်ကို မသုံးဘဲ ထောပတ် လှီးဓါးနဲ့ စားတတ် တာက သူ့ရဲ့လျှို့ဝှက်ချက် ဖြစ်တယ်လို့လည်း ပြောဆို ပါတယ်။ ၂ ယောက်တွဲ ပြိုင်ပွဲမှာတော့ ၉ မိနစ်နဲ့ အပြီးစားနိုင်တဲ့ အတွဲက ပထမဆု ရရှိသွားပါတယ်။
ဖလောရီဒါပြည်နယ်မှာ နှစ်စဉ် ကျောက်ကဏန်း ကီလို ၁ ဒသမ ၂ သန်းထွက်ရှိ တာမှာ ၄၀ ရာခိုင်နှုန်းလောက်က ဖလော်ရီဒါ တောင်ဘက်အစွန်း ကီးစ် (Keys) ကျွန်းတန်းမှာ ထွက်ရှိတာပါ။
ကျောက်ကဏန်း ကောက်ရာသီဟာ အောက်တိုဘာလ ၁၅ ရက်နေ့ကနေ နောက်နှစ်မေလ ၁၅ ရက်နေ့ အထိ ဖြစ်ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/117279
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment