မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 19, 2015

တိုက်စစ်မှူး ရော်နယ်ဒို ရီးရဲလ်အသင်း၏ ဂိုးသွင်းအများဆုံးသူအဖြစ် စံချိန်တင်



ဓာတ်ပုံ - ရိုက်တာ

တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ရီးရဲလ် မက်ဒရစ် အသင်းရဲ့ ဂိုးသွင်း အများဆုံးသူ အဖြစ် စံချိန်သစ် တင်လိုက် ပါတယ်။

ရော်နယ်ဒိုဟာ လီဗန်တေး အသင်းကို အနိုင်ရတဲ့ အောက်တိုဘာ ၁၇ ရက်နေ့က ပွဲစဉ်မှာ ၁ ဂိုး သွင်းယူပြီး ရီးရဲလ် အတွက် ဂိုးပေါင်း ၃၂၄ ဂိုးနဲ့ ဂိုးသွင်း အများဆုံး စံချိန်ကို တင်နိုင်တာ ဖြစ်ပါတယ်။

အရင်က ရီးရဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ် တင်ထားတဲ့ ဂိုးပေါင်း ၃၂၃ ဂိုးစံချိန်ကို ၁ ဂိုးအသာနဲ့ ဖြတ်ကျော်နိုင်တာပါ။

အသက် ၃၀ အရွယ် ရော်နယ်ဒိုဟာ ရီးရဲလ်မှာ ကစားတဲ့ ၇ ရာသီအတွင်း ပွဲပေါင်း ၃၁၀ မှာ ၃၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

တိုက်စစ်မှူးဟောင်း ရာအူးလ်ကတော့ ရီးရဲလ်မှာ ကစားတဲ့ ၁၆ ရာသီအတွင်း ပွဲပေါင်း ၇၄၁ ပွဲမှာ ၃၂၃ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူးဟာ ခြေစွမ်းပြ ကစားနေနိုင်သေးတဲ့အတွက် ရီးရဲလ်အသင်းမှာ သူ့ရဲ့ ဂိုးသွင်းစံချိန်ကို တခြား ကစားသမားတယောက်က လိုက်မီနိုင်ဖို့ မလွယ်ကူတဲ့ အနေအထားမှာ ရှိနေပါတယ်။

သူ့ရဲ့ လက်ရှိ သွင်းဂိုးတွေဟာ လာလီဂါမှာ ၂၃၁ ဂိုး၊ ချန်ပီယံလိဂ်မှာ ၆၇ ဂိုး၊ စပိန်ဘုရင့်ဖလားမှာ ၂၁ ဂိုး၊ စပိန်စူပါဖလားမှာ ၃ ဂိုးနဲ့ ဥရောပ စူပါဖလားမှာ ၂ ဂိုးစီ အသီးသီး သွင်းယူထားပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/117284

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment