၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပမယ့် အိမ်ရှင် ရွေးချယ်ရေး မဲမခွဲခင် ရုရှားမှာ ကျင်းပဖို့ ဆုံးဖြတ် ခဲ့တာဟာ နောက်ကွယ်က အဓိက ကြိုးကိုင် သူတွေ ရှိတယ်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အကြံပေးက ပြောပါတယ်။
ဖီဖာအမှုဆောင် ကော်မတီတွေ အပါအ၀င် နောက်ကွယ်မှာ ဆွေးနွေးပြောဆို မှုတွေ ရှိတယ်လို့ ဆပ်ဘလတ္တာရဲ့ အကြံပေး ကလော့စခိုလာက ပြောပါတယ်။
ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ဘလတ္တာက ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကို ရုရှားနဲ့ အမေရိကန်ကို ပေးဖို့ သဘောတူကြောင်း အကြံပေးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီလိုဆွေးနွေးတာဟာ ဖီဖာ စီမံခန့်ခွဲရေး ကော်မတီထဲက အဖွဲ့ဝင်အားလုံး မပါပေမယ့် အဖွဲ့ အဓိက ကြိုးကိုင်သူတွေက ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ဥရောပက ကာတာကို မဲပေးတဲ့အတွက် ၂၀၂၂ ကမ္ဘာ့ဖလားကို ကာတာမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပခွင့်အတွက် မဲခွဲဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်က ပြစ်မှုဆိုင်ရာ စုံစမ်းရေးနဲ့ စုံစမ်းနေပါတယ်။
ဘလတ္တာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီတို့လည်း ရာထူးက ဆိုင်းငံ့ခံထားရသလို စုံစမ်းစစ်ဆေးမှုတွေ ခံနေရပြီး ၂ ဦးစလုံးကတော့ အပြစ်မရှိဘူးလို့ ငြင်းပယ်ထားပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/119253
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment