မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 31, 2015

အသင်းက ပထမဆုံး clean sheet ရယူနိုင်ခဲ့လို့ ကစားသမားတွေကို ပီဇာကျွေးခဲ့တဲ့ Ranieri




ပဲလေ့စ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ယခုရာသီရဲ့ ပထမဆုံး clean sheet ကို ရယူနိုင်ခဲ့တဲ့ အတွက် လက်စတာ အသင်း နည်းပြ Ranieri က အသင်းသား တွေကို ပီဇာနဲ့ ပြုစုခဲ့ တယ်လို့ သိရပါတယ်။ သူဟာ အသင်းသားတွေ အတွက် လက်စတာမြို့က Peter Pizzeria ပီဇာဆိုင်မှာ အသင်းသားတွေကို ကျွေးမွေး ခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ ရာသီသစ်မှာ အကောင်းဆုံး ပုံစံတစ်ခုနဲ့ ပရီးမီးယားလိဂ်ရဲ့ အဆင့်ငါးမှာ ရပ်တည်နေ ခဲ့ပြီး ရှုံးပွဲ တစ်ပွဲသာ ရှိသေးပါတယ်။

အီတလီ လူမျိုးနည်းပြ ကတော့ သူဟာ နည်းပြခဲ့တဲ့ အသင်းတွေမှာလည်း အခုလို လုပ်ပေးခဲ့ဖူးပြီး အသင်းသားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေး ခဲ့ဖူးတယ်လို့ ပြောပါတယ်။ ဒီနေ့ ညမှာတော့ သူတို့ အုပ်စုဟာ ဝက်စ်ဘရွန်း အသင်းနဲ့ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆင့်လေး နေရာကို တက်လှမ်းဖို့ ကြိုးစား ကြမှာပါ။



သူတို့အသင်းဟာ ပိုမိုစုစည်းမှုအားကောင်းလာပြီး ကင်းပါဝါမှာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ သူက ယုံကြည်နေပါတယ်။ သူဟာ အသင်းရဲ့ ပရိတ်သတ်တွေကို အမြဲ တလေးတစားဆက်ဆံလေ့ရှိပြီး ပရီးမီးယားလိဂ်ရဲ့ အနွေးထွေးဆု့းနည်းပြတွေထဲက တစ်ယောက်လို့ သူ့အသင်းသားတွေက ညွှန်းဆိုကြပါတယ်။



"ကျွန်တော်တို့အသင်းဟာ ပ်ီဇာတစ်ခုလိုပါပဲ။ ကျွန်တော်တို့ တစ်သင်းလုံးက ခရမ်းချဉ်သီးလေးတွေပေါ့ ၊ ကံကောင်းမှုကတော့ ဆားပါ။ ဆားခတ်လိုက်ရင် အားလုံးပြီးပြည့်စုံသွားပါလိမ့်မယ်။ ကျွန်တော် Cleansheet ရခဲ့လို့ ဒီပွဲလေးကို လုပ်ပေးတာပါ။ အကယ်လို့သာ နှစ်ဂိုးတစ်ဂိုးဆိုရင်တော့ ဂိုးတစ်ဂိုးပေးလိုက်ရလို့ ကျွန်တော် စိတ်မသက်မသာဖြစ်နေပါလိမ့်မယ်။ လာမယ့် ဝက်စ်ဘရွန်းနဲ့ ပွဲမှာလည်း အကောင်းဆုံး ကြိုးစားသွားမှာပါ။ Tony pulis က အကောင်းဆုံးနည်းပြတစ်ယောက်ပါ " လို့ Ranieri ကပြောခဲ့တာပါ။

Ref : Dailymail

Original link - http://sports.thithtoolwin.com/2015/10/clean-sheet-ranieri.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment