မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 31, 2015

တောင်ပံကစားသမား အဖြစ် Kieran Gibbs ကို Arsene Wenger ပွဲထုတ်ဖွယ်ရှိ




အာဆင်နယ်အသင်းနည်းပြ Arsene Wenger ဟာ တောင်ပံကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ဘယ်နောက်ခံကစားသမား Kieran Gibbs ကို
အရေးပေါ်တောင်ပံကစားသမားအဖြစ် အသုံးပြုဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းက အားထားရတဲ့ Theo Walcott နဲ့ Alex Oxlade-Chamberlain တို့ဟာ သုံးပတ်စီအနားယူရမယ်လို့ အတည်ပြုပြီးတဲ့နောက်မှာ အခုလို Kieran Gibbs ကို အရေးပေါ်တောင်ပံကစားသမားအဖြစ် အသုံးပြုဖို့ စီစဉ်လာတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဆွမ်ဆီး ၊ ဘိုင်ယန် ၊ စပါးတို့နဲ့ ပွဲကျပ်တွေ ကစားရမှာဖြစ်ပြီး ကစားသမား ရှစ်ဦးအထိ ဒဏ်ရာရနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် Wenger ဟာ ဘယ်နောက်ခံကစားသမား Kieran Gibbs ကိုတောင်ပံကို တက်ကစားစေဖို့ လုပ်ဆောင်နေပြီး Sanchez ကို ညာဘက်ကို ရွှေ့ဖို့
လုပ်နေတာပါ။ လူငယ်ကစားသမားတွေဖြစ်တဲ့ Joel Campbell နဲ့ Alex Iwobi တို့ကိုတော့ ညာတောင်ပံမှာ ဝင်ကစားစေဖို့ စီမံထားတယ်လို့လည်း
သိရပါတယ်။

Ref :Mirror

Original link - http://sports.thithtoolwin.com/2015/10/kieran-gibbs-arsene-wenger.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment