Daily Express သတင်းစာရဲ့ ဖော်ပြချက် အရတော့ မန်ယူ အသင်းဟာ PSG တိုက်စစ်မှူး Ibrahimovic ကို ကာလတို စာချုပ်တစ်ခုနဲ့ ခေါ်ယူ လိုနေတယ်လို့ သိရပါတယ်။
ကစားသမားကိုယ်တိုင်ကလည်း PSG က ထွက်ခွာခဲ့တာနဲ့ မေဂျာလိဂ်ကို တိုက်ရိုက်မပြောင်းရွှေ့ချင်သေးဘဲ ပရီးမီးယားလိဂ်မှာ ကာလတိုစာချုပ်နဲ့ လာကစားချင်တယ်လို့ ဝန်ခံထားပါတယ်။
မန်ယူကစားသမားဟောင်း David Beckham ဟာ မေဂျာလိဂ်မှာ မိုင်ယာမီ ကိုယ်စားပြု အသင်း တစ်သင်းကို တည်ထောင် ထားပြီး Ibrahimovic ကို သူ့အသင်းမှာ လာရောက် ကစားဖို့ ဆန္ဒရှိနေ တယ်လို့လည်း သိရပါတယ်။
Ibrahimovic ဟာ ပီအက်စ်ဂျီအသင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားနိုင်ခဲ့ပြီး တစ်ဦးချင်းရော အသင်းလိုက်ပါ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။ မန်ယူအသင်းဟာလည်း လိဂ်ဖလားက ထွက်ရအပြီးမှာ တိုက်စစ်ပြဿနာကို ဖြေရှင်းဖို့ Ibrahimovic ကို အငှားစာချုပ်နဲ့ ခေါ်ယူလိုနေတယ်လို့လည်း သိရပါတယ်။
ဒါကြောင့် မန်ယူအသင်းနဲ့ PSG အသင်းကြားမှာ Ibrahimovic ရဲ့ အပြောင်းအရွှေ့က တကယ်ပဲဖြစ်မြောက်လာမှာလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
ဒါ့အပြင်မန်ယူအသင်းဟာ အီတလီကလပ် ဆာဆူအိုလိုတိုက်စစ်မှူး Domenico Berardi ကို လီဗာပူးလ်အသင်းနဲ့ အပြိုင် ကြိုးပမ်းနေတယ်လို့ Football Italia က ဖော်ပြပါတယ်။
သူဟာ ပေါင် ၁၃ သန်းတန်ကြေးရှိပြီး ဆာဆူအိုလိုအသင်းအတွက် ဂိုးတွေရယူပေးနေတာကြောင့် သူ့ကို ခေါ်ယူလိုနေကြတယ်လို့ သိရပါတယ်။ နောက်တစ်ယောက်ကတော့ လေဗာကူဆင်က တူရကီကွင်းလယ်လူ Calhanoglu ဖြစ်ပြီး ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းနဲ့ အပြိုင်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
Ref : Goal.com
Original link - http://sports.thithtoolwin.com/2015/10/ibrahimovic_30.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment