မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 31, 2015

နည်းပြသစ် Klopp လက်အောက်တွင် တစ်သက်လုံး ကစားချင်သည်ဟု လီဗာပူးလ်နောက်ခံလူ Moreno ပြော




လီဗာပူးလ် အသင်း နောက်ခံလူ Alberto Moreno ဟာ နည်းပြဟောင်း Rodgers လက်အောက်မှာ ကစားတုန်းက ခက်ခဲတဲ့ အချိန်တွေ များနေ ခဲ့ပေမယ့်လည်း နည်းပြသစ် Klopp ရဲ့ လက်အောက်မှာ ဆိုရင်တော့ အမြဲတမ်း ကစားချင် မိတယ်လို့ ပြောပါတယ်။

စပိန်ဘယ်နောက်ခံလူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆောက်သမ်တန်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ ပြိုင်ဘက်တိုက်စစ်မှူး Mane ကို အကောင်းဆုံးခြေစွမ်းနဲ့ ထိန်းချုပ်နိုင် ခဲ့ပြီး တဲ့နောက် သူဟာ နည်းပြသစ် Klopp ရဲ့ယုံကြည်မှုကို ရရှိလာခဲ့ တာဖြစ် ပါတယ်။


နည်းပြဟောင်း Rodgers ရဲ့ လက်အောက်မှာတုန်းကဆိုရင် သူဟာ လူစားဝင်ကစားသမားတစ်ယောက်အဖြစ်သာ ပွဲထွက်ခွင့်ရခဲ့ပြီး Rodgersဟာ သူ့ကို ယုံကြည်မှုနည်းပါးခဲ့တယ်လို့ Moreno က ဖွင့်ဟခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းက ဆီဗီလာအသင်းကနေ လီဗာပူးလ်ကို ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ Moreno က " Rodgers ဟာ ကျွန်တော့် အပေါ်မှာ လုံလောက်တဲ့ ယုံကြည်မှု မရှိခဲ့ပါဘူး။ လေ့ကျင့်ခန်း ကိုသာ ကြိုးစား လုပ်ဖို့ ပြောခဲ့ပြီး ရာသီအစ လေး ငါးပွဲလောက် ပွဲထွက်ခွင့် မရခဲ့ပါဘူး။ ကျွန်တော် စပြီး ပွဲထွက်ခွင့် ရခဲ့တဲ့ စတုတ်နဲ့ ပွဲမှာဆိုရင် Cleansheet ရခဲ့တယ်။

ဒါပေမယ့် သူက နောက်တန်းကို ပြောင်းလဲဖို့ အစီအစဉ်မရှိခဲ့ဘဲ ကျွန်တော့်ကို အခွင့်အရေးမပေးခဲ့ဘူး " လို့ Moreno က ပြောခဲ့ပါတယ်။

" Rogers က ကျွန်တော့်ကို ပွဲမထုတ်ခဲ့ဘဲ Joe Gomez ကို ပိုပြီး အခွင့်အရေးပေးခဲ့တယ်။ ကျွန်တော် စပိန်ကို ပြန်ဖို့အထိတောင် စဉ်းစားခဲ့တာ။ ဒေါသတွေလည်း ထွက်ခဲ့ရတယ်။

ကျွန်တော် လေ့ကျင့်ခန်းလည်း ကောင်းကောင်းလုပ်နိုင်တယ်။ ကောင်းကောင်းလည်း ကစားနိုင်ပါရက်နဲ့ အခွင့်အရေးမပေးခဲ့ဘူးလို့ " Moreno က ပြောပါတယ်။ လီဗာပူးလ်အသင်းဟာ နည်းပြသစ် Klopp လက်ထက်မှာ ပထမဆုံးနိုင်ပွဲအဖြစ် လိဂ်ဖလားမှာ ဘုန်းမောက်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

Ref : Dailymail

Original link - http://sports.thithtoolwin.com/2015/10/klopp-moreno.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment