မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 18, 2015




ဟိုးအရင် ဒေါ့မွန်အသင်း ဘွန်ဒက်စ်လီဂါမှာ ဗိုလ်စွဲစဉ်က Klopp သိပ်အားကိုး ခဲ့ရတဲ့ ခံစစ် ကျောက်ဆောင်ကြီး Howedes ကို မှတ်မိကြမယ် ထင်ပါတယ်။ သူဟာ ယခုလက်ရှိ ရှော်ကေး အသင်းမှာ ကစားနေတာပါ။ သူဟာ မကြာသေးခင်က လီဗာပူးလ် နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဆရာဟောင်း Klopp ရဲ့ လက်အောက်မှာ ကစားချင် မိတယ်လို့ ဝန်ခံ လိုက်ပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းမှာ ပါဝင်ခဲ့တဲ့ ဒီဗဟိုနောက်ခံလူဟာ Klopp ရှိတဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့တာဟာ စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်လို့ ထင်နေတာပါ။ အသက် ၂၇ နှစ်ရှိပြီ ဖြစ်တဲ့ ဒီကစားသမားဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးကို ဘွန်ဒက်စ်လီဂါမှာပဲ ဖြတ်သန်းခဲ့ပြီး အခြားလိဂ်တွေမှာ အတွေ့အကြုံရအောင် ကစားချင်နေတာလည်း ဖြစ်ပါတယ်။

" နိုင်ငံရပ်ခြားကို ပြောင်းရွှေ့ကစားတာဟာ စိတ်ဝင်စားစရာပါ။ အင်္ဂလန်မှာ ကစားရတာကတော့ ပိုပြီးစိတ်ဝင်စားစရာပါပဲ " လို့ Bild သတင်းဌာနကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။အခုလောလောဆယ်တော့ ရှော်ကေးအသင်းမှာပေါ့။ စာချုပ်သစ်ကိစ္စအတွက်လည်း မဆွေးနွေးရသေးပါဘူး။ ကျွန်တော်အခုကစားနေတဲ့ အသင်းထက် စိတ်ဝင်စားစရာကောင်းတဲ့ အသင်းတွေကို တွေ့နေရလို့ပါ။ အင်္ဂလိပ်ဘောလုံးလောကဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဥပမာဆိုရင် လီဗာပူးလ်လို သမိုင်းကြောင်း ကြီးမားတဲ့ အသင်းမှာ ကစားချင်မိပါတယ် " လို့ ထပ်လောင်းပြောကြားသွားခဲ့တာပါ။

Klopp ကတော့ အခုလောလောဆယ်မှာ လက်တွဲဖူးခဲ့တဲ့ ကစားသမားတွေကို ခေါ်ယူဦးမှာ မဟုတ်ဘူးလို့ ဆိုထားတာကြောင့်

Ref : Goal.com

Original link - http://sports.thithtoolwin.com/2015/10/klopp-howedes.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment