မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 29, 2015

Ronaldo နဲ့ Bale ဟာ ရောင်းကုန်တွေ မဟုတ်ဘူးလို့ Zidane ပြော




အကျော်အမော် ကစားသမား နှစ်ယောက် ဖြစ်တဲ့ Ronaldo နဲ့ Bale တို့ဟာ ရီးရဲလ် မက်ဒရစ်မှာ ဆက်ရှိနေမှာ ဖြစ်ပြီး သူတို့ကို ရောင်းချ သွားမှာ မဟုတ်ဘူးလို့ ရီးရဲလ်မက်ဒရစ် လူငယ် အသင်း နည်းပြ Zidane က ပြောပါတယ်။

Ronaldo ဟာ သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ မန်ယူအသင်းကို ပြန်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်း လာနိုင်တယ်လို့ သတင်းတွေ ထွက်နေတာပါ။

ဒါကြောင့်၂၀၀၂ ခုနှစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ကို ဗိုလ်စွဲခဲ့တဲ့ Zidane က ဒီသတင်းတွေကို ငြင်းပယ်လိုက်တာပါ။


"Ronaldo က ရောင်းဖို့ မဟုတ်ပါဘူး။နာမည်ကျော် ကစားသမားတွေဆိုရင် သတင်းတွေက လုပ်ရေးတတ်ကြပါတယ်။

ကမ္ဘာ့အဆင့်ရှိတဲ့ ဘယ်ကစားသမားကိုမှ ရီးရဲလ်က ရောင်းဖို့ စိတ်မဝင်စားပါဘူး။ Ronaldo က အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ သူမကြိုးစားရင် ရလဒ်တွေ ကျဆင်းတတ်တယ်ဆိုတာ သူကောင်းကောင်းသိပါတယ်။ သူက အမြဲကြိုးစားနေပါတယ်။" လို့ Ronaldo ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး Zidane က ပြောခဲ့ပါတယ်။


ဝေးလ်စ်အသင်းရဲ့ စူပါစတား Bale ဟာလည်း ရီးရဲလ်မက်ဒရစ်မှာ ရလဒ်တွေ ကျဆင်းနေလို့ အသင်းပြောင်းချင်တယ်ဆိုတဲ့ သတင်းကိုလည်း Zidane ငြင်းဆန်ခဲ့ပါတယ်။ " Bale ဟာ အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ သူ့ကို ကလပ်အသင်း တော်တော်များများက လိုချင်ကြတယ်။ Gareth ရဲ့ အေးဂျင့်ရော ကျွန်တော်တို့ကပါ Bale ရဲ့ အနာဂတ်ဟာ
ရီးရဲလ်မက်ဒရစ်မှာပဲရှိတယ်" လို့ Zidane က ရှင်းပြခဲ့ပါတယ်။

Ref :Mirror

Original link - http://sports.thithtoolwin.com/2015/10/ronaldo-bale-zidane.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment