ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဆောက်သမ်တန်နဲ့ ဘုန်းမောက်တို့ နိုဝင်ဘာ ၁ ရက်ညက ယှဉ်ပြိုင်ရာ ဆောက်သမ်တန်က ၂ ဂိုး ဂိုး မရှိနဲ့ အနိုင်ရ သွားပါတယ်။
ဆောက်သမ်တန် အတွက် အနိုင်ဂိုးတွေကို ၃၁ မိနစ်မှာ စတီဗင် ဒေးဗစ် (Steven Davis) နဲ့ ၃၆ မိနစ်မှာ ပယ်လီ (Graziano Pelle) တို့က သွင်းယူပေး ခဲ့တာပါ။
ဒီပွဲနိုင်တဲ့ ဆောက်သမ်တန်က ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၇ နေရာမှာ ရပ်တည်နေပြီး ဘုန်းမောက်ကတော့ ရမှတ် ၈ မှတ်သာရထားလို့ တန်းဆင်းဇုန်အထက် နံပါတ် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/119688
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment