မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 3, 2015

ချန်ပီယံလိဂ်ပွဲစဉ် ရီးရဲလ် ၁ – ၀ ပီအက်စ်ဂျီ၊ ရှက်တာဒိုးနက် ၄ – ၀ မယ်လ်မို (ရုပ်သံဟိုက်လိုက်)




ချန်ပီယံလိဂ် အုပ်စု အေ ပွဲစဉ်အဖြစ် စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီတို့ နိုဝင်ဘာ ၃ ရက်ညက ယှဉ်ပြိုင်ရာ ရီးရဲလ်က ၁ ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။

ရီးရဲလ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၃၅ မိနစ်မှာ နာချို ဖာနန်ဒက်ဇ် (Nacho Fernandez) က သွင်းယူပေးခဲ့တာပါ။

အုပ်စု အေ အခြားပွဲစဉ်အဖြစ် ယူကရိန်းကလပ် ရှက်တာဒိုးနက်နဲ့ ဆွီဒင်ကလပ် မယ်လ်မိုတို့ ယှဉ်ပြိုင်ကြရာမှာတော့ ရှက်တာဒိုးနက်က ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

ရှက်တာဒိုးနက်အတွက် ၂၉ မိနစ်မှာ Oleksandr Gladky ပထမဂိုး၊ ၄၈ မိနစ်မှာ Darijo Srna က ပယ်နယ်တီမှတဆင့် ဒုတိယဂိုး၊ ၅၅ မိနစ်မှာ Eduardo က တတိယဂိုးနဲ့ ၇၃ မိနစ်မှာ Alex Teixeira က စတုတ္ထဂိုး အသီးသီး သွင်းယူသွားပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာ မယ်လ်မိုအသင်းက Kari Arnason ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရလို့ ကျန်ပွဲချိန်တွေကို ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။

အုပ်စု အေ ပွဲစဉ် ၄ အပြီးမှာတော့ ရီးရဲလ်က ရမှတ် ၁၀ မှတ်နဲ့ အုပ်စုပထမ၊ ပီအက်စ်ဂျီက ၇ မှတ်နဲ့ ဒုတိယ၊ ရှက်တာဒိုးနက်နဲ့ မယ်လ်မိုတို့က ၃ မှတ်စီတူညီပေမယ့် ဂိုးကွာခြားချက်အရ ရှက်တာဒိုးနက်က အုပ်စု တတိယ၊ မယ်လ်မိုက စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။





by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/120029

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment