မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 5, 2015

ဒေါ့မွန် ၄- ၀ ဂါဘာလာ (ရုပ်သံ)




ယူရိုပါလိဂ် အုပ်စု (ဂ) ဂျာမနီ ဘွန်ဒစ်လီဂါက ဘရော့ရှား ဒေါ့မွန်နဲ့ အဇာဘိုင်ဂျန် ကလပ် ဂါဘာလာတို့ပွဲစဉ်မှာ ဒေါ့မွန်က ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ပထမပိုင်း ၂၉ မိနစ်မှာ ဒေါ့မွန်က မာကိုရှုးစ်ရဲ့ အဖွင့်ဂိုးနဲ့ ၄၅ မိနစ်မှာ အဘာမီယန်တို့က ဒုတိယဂိုးသွင်းယူပြီး ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၆၇ မိနစ်မှာ ဂါဘာလာက ကစားသာမားက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သလို မိနစ် ၇၀မှာ ဒေါ့မွန်အသင်းက ဂိုးတွေ ထပ်မံသွင်းယူပြီး ၄ ဂိုး ဂိုးမရှိနဲ့ ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိရယူကာ သက်တောင့် သက်သာ အနိုင်ရသွားပါတယ်။

ဒီပွဲအနိုင်ကြောင့် ဒေါ့မွန်အသင်းက ၄ ပွဲကစား ၁၀ မှတ်နဲ့ အုပ်စု ပထမ၊ ဂါဘာလာကတော့ ၄ ပွဲကစား ၁ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/120432

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment