မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 20, 2015

ပြင်သစ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ သူတွေ အတွက် ဂုဏ်ပြု စာတမ်းပါ အင်္ကျီကို ပီအက်စ်ဂျီ အသင်း ဝတ်ဆင်ကစားမည်




ပီအက်စ်ဂျီ အသင်းဟာ လာမယ့် ပြင်သစ် လီဂူး ပွဲစဉ်တွေမှာ ပဲရစ် တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ သူတွေ အတွက် ဂုဏ်ပြု စာတမ်းပါ အင်္ကျီကို ဝတ်ဆင် ကစား သွားမယ်လို့ သိရပါတယ်။ သူတို့ဟာ အသင်းရဲ့ ရင်ဘတ် တံဆိပ်အောက်မှာ "Je suis Paris" ဆိုတဲ့ စာတမ်းကို ထည့်သွင်း ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Charlie Hebdo မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအပြီးမှာ "Je suis Charlie" ဆိုတဲ့ စကာလုံးကလည်း ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာပြီးနောက်မှာတော့ ပီအက်စ်ဂျီအသင်းကလည်း အခုလို စာတမ်းကို ဂုဏ်ပြုဝတ်ဆင် ကစားဖို့ စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။



သူတို့ဟာ ဒီဂျာစီကို ဘယ်အချိန်ထိ ဝတ်ဆင်သွားမယ်ဆိုတာတော့ ကြေညာခဲ့ခြင်းမရှိဘဲ ဝတ်ဆင်မယ့်အကြောင်းကိုသာ ထုတ်ပြန်ခဲ့တာပါ။ ပဲရစ်မြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်း Stade de France ကလည်း ပစ်မှတ်တစ်ခုဖြစ်ခဲ့ပြီး အသေခံဗုံးခွဲသမားသုံးယောက်က တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါ။ အားကစားလောကမှာတော့ ပီအက်စ်ဂျီအသင်းကသာ အခုလို ဝတ်ဆင်ကစားမယ်လို့ ကြေညာခဲ့တာပါ။

အင်္ဂါနေ့က ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်မှာလည်း ဝင်ဘလေကွင်းအတွင်းမှာ ပရိသတ်၈သောင်းအပါအဝင် အားလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ငြိမ်သက်ခဲ့ကြပြီး ပြင်သစ်နိုင်ငံတော်သီချင်းကိုလည်း အားလုံးက သီဆိုပြီး ဓားစာခံတွေကို ဂုဏ်ပြုခဲ့ကြပါတယ်။ အင်္ဂလန်တော်ဝင်မင်းသား William ကလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်ပန်းခွေချခဲ့သလို နှစ်ဘက်နည်းပြတွေဖြစ်တဲ့ Roy Hodgson နဲ့ Didier Deschamps တို့ကလည်း ပန်းခွေချခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပွဲကိုတော့ ဗြိတိန် ဝန်ကြီးချုပ် David Cameron နဲ့ FA ဥက္ကဌ Greg Dyke တို့လည်း တက်ရောက်ခဲ့ကြပြီး နှစ်ဖက်ပရိသတ်တွေကလည်း စည်းစည်းလုံးလုံးနဲ့ နိုင်ငံအလံတွေကို ဝှေ့ယမ်းခဲ့ပြီး သေဆုံးသူတွေအတွက် ဂုဏ်ပြုပေးခဲ့ကြပါတယ်။

Ref : Mirror

Original link - http://sports.thithtoolwin.com/2015/11/blog-post_15.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment