လက်ရွေးစင် အသင်းနှင့် အတူ လေ့ကျင့်ပြင်ဆင်မှု ပြုလုပ်နေသည့် ဆောင်လမ်မန် အားတွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)
နိုဝင်ဘာ ၃၊ ရန်ကုန်။
ချင်းယူနိုက်တက် ကလပ် အသင်းနှင့် မြန်မာ့ လက်ရွေးစင် ကစားသမား ဆောင်လမ်မန်ကို လာမည့်နှစ် ဘောလုံး ရာသီအတွက် ခေါ်ယူရန် ကမ္ဘောဇ ကလပ် အသင်းမှ တရားဝင် ကမ်းလှမ်းမှု ပြုလုပ် ထားသည် ဟု ချင်းယူနိုက်တက် အသင်း စီအီးအို ဦးဒိုခန်ခုပ် က ပြောသည်။
ဆောင်လမ်မန်သည် ဇွဲကပင်အသင်းမှ ချင်းယူနိုက်တက်အသင်းသို့ ၂၀၁၁ တွင် ပြောင်းရွေ့လာခဲ့ပြီး အသင်းနှင့်အတူ ခြေစွမ်းပြကစားနိုင်သည့် ကစားနိုင်သည့် ကစားသမားတစ်ဦးဖြစ်သည့်အပြင် လက်ရွေးစင်အသင်းတွင်လည်း ခုနစ်ပွဲကစား တစ်ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။
“ ဆောင်လမ်မန်ကို အသင်းကြီးအချို့က စိတ်ဝင်စားနေတယ်လို့ ကြားတာတော့ ကြာပါပြီ။ ဒါပေမယ့် ကမ္ဘောဇအသင်းကတော့ ဆောင်လမ်မန်ကို ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းထားပါတယ်။ သူ့ကို အသင်းပေးပြောင်းမလား မပြောင်းဘူးလား ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။
အသင်းတာဝန်ရှိသူတွေနဲ့ အားလုံး တိုင်ပင်ပြီးမှ ဆုံးဖြတ်သွားမှာပါ။ လောလောဆယ်တော့ ဆောင်လမ်မန်က လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ် ” ဟု ချင်းယူနိုက်တက်အသင်း စီအီးအို ဦးဒိုခန်ခုပ်က ပြောသည်။
ကမ္ဘောဇကလပ်အသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီ အသင်းပြင်ဆင်မှုအနေဖြင့် ဆောင်လမ်မန်ကို ကမ်းလှမ်းမှုပြုလုပ်ထားသလို ဧရာဝတီအသင်းမှ လက်ရွေးစင်ကစားသမားအချို့ကိုလည်း ခေါ်ယူရန် စီစဉ်လျက်ရှိသည်။
မဇ္ဈိမ မာလ်တီမီဒီယာ by mizzima
Original link - http://mizzimaburmese.com/article/6887
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment