မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 16, 2015

မဲခေါင်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲ ရန်ကုန် ယူနိုက်တက်နှင့် လာအို တိုယိုတာ ယှဉ်ပြိုင်မည်




မဲခေါင် ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲ အဖွင့်ပွဲ အဖြစ် မြန်မာ နေရှင်နယ်လိဂ် ကလပ် ရန်ကုန် ယူနိုက်တက်နဲ့ လာအို တိုယိုတာ အသင်းတို့ နိုဝင်ဘာ ၂၂ ရက်နေ့၊ ညနေ ၄ နာရီမှာ ရန်ကုန်မြို့၊ သုဝဏ္ဏ ကွင်းမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မဲခေါင်ကလပ် ချန်ပီယံရှစ်မှာ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံ တို့က ကလပ် အသင်း တသင်းစီ ပါဝင် ပါတယ်။

မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား တို့က ကလပ် အသင်းတွေ ပထမ အဆင့်က စတင် ကစားရပြီး အိမ်ကွင်း၊ အဝေးကွင်း အပြန်အလှန် ကစားရမှာ ဖြစ်ပါတယ်။

ပထမ အဆင့်က အနိုင်ရတဲ့အသင်းဟာ ဒုတိယအဆင့်မှာ ဗီယက်နမ်ကလပ် Becamex Binh Duong နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ထိုင်းနိုင်ငံက ကလပ်အသင်းနဲ့ ဘန်ကောက်မြို့မှာ ကစားရမှာပါ။

ဒီပြိုင်ပွဲမှာ ဆုကြေးအဖြစ် ချန်ပီယံဆုအတွက် အမေရိကန်ဒေါ်လာ ၇၅၀၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၅၀၀၀၀၊ တတိယဆု အမေရိကန် ၃၀၀၀၀၊ စတုတ္ထဆု အမေရိကန်ဒေါ်လာ ၁၀၀၀၀ နဲ့ ပဉ္စမဆု အမေရိကန်ဒေါ်လာ ၅၀၀၀ ချီးမြှင့်မှာ ဖြစ်ပါတယ်။

ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားကိုလည်း ရွေးချယ်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၀၀၀ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

မနှစ် ၂၀၁၄ တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ အိမ်ရှင် ဗီယက်နမ်ကလပ် Becamex Binh Duong က မြန်မာကလပ် ဧရာဝတီယူနိုက်တက်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဘွဲ့ ဆွတ်ခူးထားပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/122811

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment