ယူရို ၂၀၁၆ ခြေစစ် ပွဲမှာတော့ ဆလိုဗေး နီးယား အသင်းကို ၁ ဂိုးစီ သရေ ကျပြီး ၂ ပွဲပေါင်း ရလဒ်နဲ့ ယူကရိန်း ခြေစစ်ပွဲ အောင်သွား ပါတယ်။
ပထမပိုင်း ၁၁ မိနစ်မှာ ဆလိုဗေးနီးယားအသင်းက အဖွင့်ဂိုး သွင်းပြီး ပွဲကို ဦးဆောင်ထားပေမယ့် ယူကရိန်းတို့က မိနစ် ၉၀မှာ ချေပဂိုးသွင်းယူသွားတဲ့ အတွက် ၁ ဂိုးစီသရေကျသွားပါတယ်။
ဆလိုဗေးနီးယားတို့ ပွဲကို ထိန်းချုပ်ပြီး ခြေစစ်ပွဲအောင်ရေး ကြိုးစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့သလို ဆလိုဗေးနီးယား နောက်ခံလူတဦးလည်း အထုတ်ခံခဲ့ရပါတယ်။
ပထမပွဲမှာ ၂ ဂိုး ဂိုးမရှိနဲ့ ယူကရိန်းက အနိုင်ရထားတဲ့ အတွက် ၂ ပွဲပေါင်း ရလဒ် ၃ဂိုး ၁ဂိုးနဲ့ ယူကရိန်း ခြေစစ်ပွဲအောင်သွားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ယူရို ၂၀၁၆ အတွက် ခြေစစ်ပွဲအောင်ထားတဲ့ အသင်း ၂၄ သင်းရှိသွားပြီ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/123014
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments:
Post a Comment