နိုဝင်ဘာ ၁၇ ရက် ယူရို ၂၀၁၆ ခြေစစ်ပွဲ အဖြစ် ဒိန်းမတ်နဲ့ ဆွီဒင်တို့ ၂ ဂိုးစီသရေ ကျသွားတဲ့ အတွက် ၂ ပွဲပေါင်း ရလဒ်နဲ့ ဆွီဒင် အသင်းက ခြေစစ်ပွဲအောင် သွားပါတယ်။
ပထမပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ဆွီဒင်က အနိုင်ရထားပြီး ဒီပွဲမှာ ၂ ဂိုးစီသရေကျတဲ့ အတွက် ၂ ပွဲပေါင်း ရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ ဆွီဒင်က အနိုင်ရသွားပါတယ်။
ဇာလက်တန် အီဗရာမိုဗစ်ခ်ျက ၂ ဂိုး စလုံးသွင်းယူပြီး ယူရိုပြိုင်ပွဲမှာ ဆွီဒင်ကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားစေပါတယ်။
ပထမပိုင်း ၁၉ မိနစ်မှာ အဗရာမိုဗစ်ခ်ျက အဖွင့်ဂိုးသွင်းယူပြီး ပထမပိုင်းကို ဦးဆောင်ထားခဲ့ပါတယ်။
ပထမပိုင်း ၄ မိနစ်မှာ ဒိန်းမတ်အသင်း ဂိုးရဖို့ အခွင့်အရေး ရရှိခဲ့ပေမယ်လည်း လွဲချော်သွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ၇၆ မိနစ်မှာ အလွတ်တည်ကန်ဘောကနေ တဆင့် အဗရာမိုဗစ်ခ်ျက နောက်ထပ် ဂိုးသွင်းယူခဲ့ပေမယ်လည်း ဒိန်းမတ်က ၈၁ မိနစ်နဲ့ ၉၀ မှာ ချေပဂိုးတွေ ပြန်သွင်းလို့ သရေကျသွားတာ ဖြစ်ပါတယ်။
ဒိန်းမတ်အသင်းဆွီဒင်ကို သရေကျပြီးတဲ့နောက်မှာတော့ ၁၅ နှစ်ကြာ အသင်းကို နည်းပြလာတဲ့ မော်တန်အိုလ်ဆင်က နှုတ်ထွက်သွားပါတယ်။
သရေရလဒ်ကြောင့် ဆွီဒင်အသင်းက ပြင်သစ်မှာ ကျင်းပမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/123020
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments:
Post a Comment