ချစ်ကြည်ရေး ခြေစမ်းပွဲ အဖြစ် ၀င်ဘယ်ဘန်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့ ကစားတဲ့ ပွဲမှာ အင်္ဂလန် အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိ သွားပါတယ်။
အင်္ဂလန် အသင်း အတွက် အနိုင်ဂိုးတွေကို ပထမပိုင်း ၃၉ မိနစ်မှာ ဒယ်လီယာလီက သွင်းယူခဲ့ သလို ဒုတိယ ဂိုးကိုတော့ ၄၈ မိနစ်မှာ ရွန်နီက သွင်းယူ ခဲ့ပါတယ်။
ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှုက ၂ ဖက်အသင်း အတွက် သူမသာ ကိုယ်မသာ အနေအထားမှာ ရှိခဲ့ပါတယ်။
အင်္ဂလန် အသင်းဟာ လူငယ် ကစားသမား အများစုကို အသုံးပြု သွားပါတယ်။ ဒီပွဲမှာ အင်္ဂလန် အသင်းတွေရဲ့ ပျှမ်းမျှ အသက်က ၂၄နှစ်နဲ့ ၁၁၃ ရက်ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒီပွဲကို ရွှေ့ဆိုင်းမယ်လို့ အစောပိုင်းက သတင်းထွက် ခဲ့ပေမယ့်လည်း မရွှေ့ဆိုင်းဘဲ ကစား ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ပရိသတ် ၇ သောင်းကျော် တက်ရောက်ပြီး ပဲရစ် တိုက်ခိုက်မှု အပေါ် စာနာကြောင်း ပြသ ခဲ့သလို ပြင်သစ် နိုင်ငံတော် သီချင်းကိုလည်း သီဆို ခဲ့ကြပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/123026
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments:
Post a Comment