နိုဝင်ဘာ ၁၇ ရက်က ကစားသွားတဲ့ တောင် အမေရိက ဇုန် ၂၀၁၈ ကမ္ဘာဖလား ခြေစစ်ပွဲမှာတော့ အာဂျင်တီးနားက ကိုလံဘီယာကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိသွား ပါတယ်။
ပထမပိုင်း မိနစ် ၂၀ မှာ အာဂျင်တီးနား အသင်းက လူးကပ်စ်ဘစ်လီယာက အဖွင့်ဂိုး သွင်းယူပြီး ဒုတိယပိုင်း အထိ ဒီအနိုင်ကို ထိန်းထားနိုင် ခဲ့ပါတယ်။
၂၀၁၈ ကမ္ဘာဖလား ခြေစစ်ပွဲ ၄ ပွဲကစားရာမှာ အာဂျင်တီးနားအတွက် ပထမဆုံး နိုင်ပွဲရရှိသွားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဂျင်တီးနားအသင်းက မက်ဆီ၊ အဂွီရိုတို့ ဒဏ်ရကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
အာဂျင်တီးနားဟာ တောင်မေရိကဇုန်ခြေစစ်ပွဲမှာ ၄ ပွဲကစား ၁ ပွဲနိုင် ၂ ပွဲသရေ ၅ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေသလို ကိုလံဘီယာကတော့ ၄ ပွဲကစား ၄ မှတ်နဲ့ အဆင့် ၇ မှာရပ်တည်နေပါတယ်။
အမှတ်ပေးဇယား ၁ကနေ ၄ အတွင်းက အသင်းတွေကတော့ တောင်အမေရိကဇုန်ကနေ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/123042
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments:
Post a Comment