
လိင်ပိုင်းဆိုင်ရာ တိတ်ခွေနဲ့ ပတ်သက်ပြီး ပြင်သစ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ကရင့် ဘန်ဇီမာကို ရဲတပ်ဖွဲ့က ထိန်းသိမ်း စစ်ဆေး ခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ တခြားကစားသမား မက်သီယို ၀ါဘူနာလည်း ပါဝင် ပတ်သက်နေ သလို နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက ဗာဆေး ရဲစခန်းကို ရောက်လာတဲ့ ဘန်ဇီမာကို ရဲတပ်ဖွဲ့က တညတာ ထိန်းသိမ်း စစ်ဆေးမေးမြန်း ခဲ့ပါတယ်။
ပြင်သစ်နဲ့ လီဗာပူးအသင်း ကစားသမား ဆီဆေးကို အရင်လက ထိန်းသိမ်းပြီး တစုံတရာ စွဲဆိုခြင်း မရှိဘဲ ပြန်လွှတ်ပေး ခဲ့ပြီးတဲ့နောက် ဘန်ဇီမာကို အခုလို မေးမြန်းဖို့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
မိုဘိုင်းဖုန်း ကနေတဆင့် ဖမ်းယူ ထားတဲ့ လိင်ပိုင်းဆိုင်ရာ တိတ်ခွေ ကိစ္စ အပေါ် စုံစမ်းမေးမြန်း တာလို့ အေအက်ဖ်ပီက ရေးပါတယ်။
အောက်တိုဘာလက အာမေးနီးယား၊ ဒိန်းမတ် အသင်းတွေနဲ့ မကစားမှီ ပြင်သစ် အသင်းသားတွေ တွေ့ဆုံစဉ်မှာ ဘန်ဇီမာနဲ့ ကစားသမားတွေ ပြောဆို ခဲ့တာတွေက ရိုးရိုး သားသား ပြောဆို ခဲ့သလား ဒါမှမဟုတ် တမင်ပြောဆို ခဲ့သလား ဆိုတာကို စုံစမ်း သူတွေက သိရှိ ချင်နေတာလို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဘန်ဇီမာနာမည် ပါလာတဲ့အပေါ် မေးမြန်းခံဖို့ အသင့်ရှိတယ်ဆိုတာကို ပြသခဲ့တာလို့ ဘန်ဇီမာရှေ့နေက ပြောပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/120241
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment