
ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး Radamel Falcao ဟာ အင်္ဂါနေ့က လေ့ကျင့်ရေး ကွင်းမှာ ဒဏ်ရာ ရခဲ့တာကြောင့် နှစ်ပတ်လောက် အနားယူ ရတော့မယ်လို့ သိရပါတယ်။ သူဟာ ဒိုင်နမိုကိဗ် အသင်းနဲ့ ကစားရမယ့် ပွဲအတွက် လေ့ကျင့်ခန်းပြုလုပ်စဉ်မှာ ဒဏ်ရာ ရခဲ့တာဖြစ်ပြီး သူ့ရဲဒဏ်ရာဟာ အသင်း အတွက် အရေးကြီးတယ်လို့ နည်းပြ Mourinho ကပြောပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ တခြားတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ Diego Costa ဟာလည်း လီဗာပူးလ်အသင်းနဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ Skrtel ကို ကန်ခဲ့တာကြောင့် FA က စတင်စစ်ဆေးနေပြီး ပွဲပယ်ပြစ်ဒဏ်သာခံခဲ့ရမယ်ဆိုရင် တိုက်စစ်မှူးပြဿနာ ကြုံတွေ့ရဖွယ် ရှိနေတာပါ။
ဒါပေမယ့် နောက်ခံလူဖြစ်တဲ့ Ivanovic ကတော့ ဒဏ်ရာကနေ ပြန်သက်သာလာပြီး ဒိုင်နမိုကိဗ်အသင်းနဲ့ ပွဲမှာ ပြန်ပါလာမယ်လို့ သိရပါတယ်။
Radamel Falcao ဟာ ချယ်လ်ဆီးအသင်းမှာဆိုရင်တော့ ဆယ်ပွဲကစား တစ်ဂိုးသာသွင်းယူထားနိုင်တယ်လို့လည်း သိရပါတယ်။
Ref: Daily Mail
Original link - http://sports.thithtoolwin.com/2015/11/falcao.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment