စပိန်ဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ချက် အရ ရီးရဲလ် မက်ဒရစ် ကွင်းလယ်လူ Isco ဟာ ကြွက်သား ဒဏ်ရာကြောင့် အင်္ဂလန်နဲ့ ကစားမယ့် ခြေစမ်းပွဲမှာ မပါ ဝင်နိုင် ဘူးလို့ သိရပါတယ်။ Isco ဟာ နိုင်ငံတကာ ပွဲစဉ်တွေမှာ ကစားဖို့လည်း ကြံ့ခိုင် မှုလည်း မပြည့်ဝ သေးဘူးလို့ အသင်းဆရာဝန် တွေက ပြောပါတယ်။
လက်ရှိချန်ပီယံ စပိန်အသင်းကတော့ အသင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် ခြေစမ်းပွဲတွေမှာ လူစုံတက်စုံပါဝင်နိုင်ဖွယ်မရှိဘူးလို့လည်း သိရပါတယ်။
စပိန်နည်းပြ Vicente Del Bosque ကတော့ စပိန်နောက်ခံလူတွေဖြစ်ကြတဲ့ Ramos နဲ့ Juanfran တို့ဟာလည်း ကြွက်သားဒဏ်ရာ အသီးသီးရရှိနေခဲ့တာကြောင့် Nacho နဲ့ De Marcos တို့ကို အစားထိုး ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် အင်္ဂလန်နဲ့ပွဲအနားကပ်လာမှ ဒဏ်ရာရခဲ့တဲ့ Isco နေရာမှာရော အစားထိုးခေါ်ယူမှုတွေ ပြုလုပ်ခြင်းရှိ/မရှိကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။
အင်္ဂလန်ဟာ အခုနောက်ပိုင်းမှာ ကောင်းမွန်လာတဲ့ခြေစွမ်းတွေကြောင့် စောင့်ကြည့်လာရမယ့် အသင်းစာရင်းထဲမှာ ပါဝင်လာတယ်လို့လည်း သိရပါတယ်။ Isco ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဆယ့်နှစ်ပွဲကစား တစ်ဂိုးသွင်းယူထားနိုင်တယ်လို့လည်း သိရပါတယ်။
Ref : Eurosports
Original link - http://sports.thithtoolwin.com/2015/11/isco.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments:
Post a Comment