Sunday, August 7, 2016
ခြေစမ်းပွဲတွင် မန်စီးတီးကို အာဆင်နယ် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)
ပရီးမီးယားလိဂ် အမှတ်ပေးပွဲ မတိုင်မှီ ရာသီကြို ခြေစမ်းပွဲ အဖြစ် အာဆင်နယ်နဲ့ မန်စီးတီးတို့ သြဂုတ် ၇ ရက်က ယှဉ်ပြိုင်ရာ အာဆင်နယ်က ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
အာဆင်နယ်ဟာ ဆန်းချက်၊ ချိန်ဘာလိန်၊ ကိုကွီလင်၊ ရမ်ဆေး စတဲ့ အဓိက ကစားသမားတွေ အပြင် အသစ်ခေါ် ယူထားတဲ့ ဇာခါကိုလည်း ထည့်သွင်းအသုံးပြုထားပါတယ်။
မန်စီးတီးကလည်း အဂွေရို၊ ဆေးလ်ဗား၊ ဖာနန်ဒင်ဟို၊ စတာလင်၊ ကိုလာရော့ဗ် စတဲ့ ကစားသမားတွေအပြင် ဒီနှစ်မှ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး နိုလီတိုကိုလည်း ထည့်သွင်း ကစားခဲ့ပါတယ်။
အာဆင်နယ်ဟာ ပွဲချိန် ပထမပိုင်းမှာ ထိုးဖောက် ကန်သွင်းခွင့်တွေ အများအပြား ရခဲ့ပေမယ့် လွဲချော်ခဲ့သလို မန်စီးတီး ဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့်လည်း အလွယ်တကူ ဂိုးမရခဲ့ဘဲ ဖြစ်နေတာပါ။
အဖွင့်ဂိုးကိုတော့ မန်စီးတီးက ရရှိခဲ့ပြီး ပွဲချိန် မိနစ် ၃၀ မှာ အဂွေရိုက သွင်းယူပေးခဲ့ကာ ပထမပိုင်းမှာ မန်စီးတီးက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
အာဆင်နယ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပွဲချိန် မိနစ် ၅၀ မှာ အိုင်ဝိုဘီ၊ ၇၃ မိနစ်မှာ ဝေါလ်ကော့နဲ့ ၈၅ မိနစ်မှာ အက်က်ပွန်တို့က သွင်းယူပေးခဲ့ပါတယ်။
မန်စီးတီးအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် ၈၇ မိနစ်မှာ အီဟီယာနာချိုက သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ အာဆင်နယ်က ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162702
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment