မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, August 8, 2016

အိုလံပစ် တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့ နံပါတ်တစ် ဂျိုကိုဗစ် ရှုံးနိမ့်




ဘရာဇီး နိုင်ငံမှာ ယှဉ်ပြိုင် နေတဲ့ ရီယို ၂၀၁၆ အိုလံပစ် တင်းနစ် ပြိုင်ပွဲမှာ ကမ္ဘာ့ နံပါတ်တစ် နိုဗက် ဂျိုကိုဗစ် ပထမ အဆင့်မှာပဲ ရှုံးသွား ပါတယ်။

နာမည်ကြီး ဂျိုကိုဗစ်ဟာ အာဂျင်တီးနားက ဂျုအန် မာတင် ဒယ်ပေါ်တိုကို ၂ ပွဲပြတ်နဲ့ ရှုံးသွား တာပါ။

ဒယ်ပေါ်တိုဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ဒဏ်ရာ ပြဿနာနဲ့ ရုန်းကန် ခဲ့ရလို့ ကမ္ဘာ့ အဆင့် ၁၄၅ အထိ ကျဆင်း ခဲ့သူ ဖြစ်ပါတယ်။

ဒီပွဲမှာ ဒယ်ပေါ်တိုက ပြင်းထန်တဲ့ စပေးဘော ရိုက်ချက်တွေ ကနေ အသာစီး ယူပြီး ယှဉ်ပြိုင် သွားပါတယ်။

ဂျိုကိုဗစ်ဟာ အိုလံပစ် ပြိုင်ပွဲတွေ မှာထက် ဂရန်းစလန်း ပြိုင်ပွဲတွေမှာ ပိုပြီး အောင်မြင်မှု ရထားသူ ဖြစ်ပါတယ်။

ဓာတ်ပုံ - ရိုက်တာ

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/162712

No comments:

Post a Comment