
ဘာစီလိုနာ အသင်းက နောက်တန်း ကစားသမား တော်မတ် ဗာမယ်လန်ကို အသင်းပြောင်းဖို့ ခွင့်ပြု လိုက်တဲ့ အတွက် အီတလီ ကလပ် ရိုးမား အသင်းကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် နောက်တန်း ကစားသမားဟာ အာဆင်နယ် ကနေ ၂၀၁၄ မှာ ပေါင် ၁၅ သန်းနဲ့ ဘာစီလိုနာကို ရောက်ရှိ လာတာပါ။
ဒါပေမယ့် ဒဏ်ရာ ပြဿနာနဲ့ ရုန်းကန်နေ ရလို့ ဘာကာ အတွက် ၁၁ ပွဲပဲ ကစားခွင့် ရထား ပါတယ်။
ဗာမယ်လန်ဟာ အာဆင်နယ်မှာ တုန်းက ပွဲပေါင်း ၁၁၀ ကစားပေး ထားပြီး ၁၃ ဂိုး သွင်းယူ ထားပါတယ်။
သူဟာ ဘယ်လ်ဂျီယံ အသင်းအတွက်တော့ ၅၈ ပွဲမှာ ၁ ဂိုး သွင်းယူပေး ထားပါတယ်။
ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162655





No comments:
Post a Comment