Sunday, August 7, 2016
အီဗရာဟီမိုဗစ်ခ်ျ၏ အနိုင်ဂိုးဖြင့် မန်ယူ ကွန်မြူနတီဒိုင်း ဆွတ်ခူး (ရုပ်သံဟိုက်လိုက်)
သြဂုတ် ၇ ရက် ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ရာသီ အဖွင့် ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ မန်ယူက တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ခ်ျရဲ့ သွင်းဂိုး အပါ အ၀င် ၂ ဂိုး ၁ ဂိုးနဲ့ လက်ဆက်စတာ စီးတီးအသင်းကို အနိုင်ရ သွားပါတယ်။
အက်ဖ်အေ ချန်ပီယံ မန်ယူ အတွက် ဦးဆောင်ဂိုးကို လင်ဂတ်က ၃၂ မိနစ်မှာ သွင်းယူ ပါတယ်။
မန်ယူက ဘောလုံးကိုင် ကစားနိုင် aပမယ့် လက်ဆက်စတာက တန်ပြန် တိုက်စစ်တွေ ကနေ ဒုက္ခပေးနိုင် ခဲ့ပါတယ်။
လက်ဆက်စတာ အတွက် ချေပဂိုးကို မန်ယူ ကွင်းလယ် ကစားသမား ဖယ်လိုင်နီရဲ့ အမှားကနေ ၅၂ မိနစ်မှာ တိုက်စစ်မှူး ဗာဒီက သွင်းယူ ပါတယ်။
မန်ယူအတွက် ဒုတိယအနိုင်ဂိုးကို ဗလန်စီယာရဲ့ တောင်ပံ ဖြတ်တင်ဘောကနေ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက ခေါင်းတိုက်သွင်းယူပါတယ်။
ဒီပွဲမှာ ခြေစွမ်းပြ အနိုင်ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ရပါတယ်။
မန်ယူအသင်းဟာ ကွန်မြူနတီဖလားကို ၂၁ ကြိမ်မြောက် ရယူနိုင်တဲ့ အတွက် ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ အောင်မြင်မှု အများဆုံး အသင်းလည်း ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162636
Labels:
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment