မန်ယူအသင်းနဲ့ တစ်ဂိုးစီ သရေကျ အပြီးမှာ ခရစ္စတယ် ပဲလေ့စ် နည်းပြ Alan Pardew က အဲ့ဒီပွဲမှာ Martial ကို ထိန်းချုပ်နိုင်လိုက် တာဟာ မန်ယူ ဆီကနေ သရေ တစ်မှတ်ခွဲနိုင်လိုက်တဲ့ အကြောင်းရင်း တစ်ခုဖြစ် ပါတယ်လို့ ပြောပါတယ်။
မန်ယူဟာ သုံးပွဲဆက်ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပြီး အဆိုးရွားဆုံးအဖြစ် တိုက်စစ်မှူး Rooney က ပြိုင်ဘက်ပင်နယ်တီဧရိယာအတွင်းမှာ ဘောလုံးနဲ့ ထိခွင့်မရခဲ့တာပါ။ ဒါ့ကြောင့် မန်ယူအသင်းရဲ့ တိုက်စစ်ဟာ ပြောစရာဖြစ်လောက်အောင် ဆိုးရွားလာတဲ့ အခြေအနေကို ရောက်ရှိလာပြီး ကွင်းလယ်ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့ပဲ အသက်ဆက်နေရတဲ့ ပုံစံဖြစ်လာပါတယ်။
ဒါ့ကြောင့် Alan Pardew က " ကျွန်တော်တို့ဟာ သူတို့ရဲ့ အဓိက လူငယ်ကစားသမားဖြစ်တဲ့ Martial ကို ဂရုတစိုက် စောင့်ကြည့်ထားလိုက်ပါတယ်။ မန်ယူ ကစားခဲ့တဲ့ပွဲတွေမှာဆိုရင် Martial ဆီကပဲ ဘောလုံးလမ်းကြောင်းတွေ ထွက်ခဲ့တာလေ။ ကျွန်တော်တို့အသင်းကလည်း ဂိုးရလုနီးပါးတွေ ဖြစ်ခဲ့ပေမယ့် ကံမကောင်းခဲ့ဘူး။ ဒါပေမယ့် မန်ယူရဲ့ တိုက်စစ်ကို ထိန်းထားနိုင်ခဲ့လို့ ဝမ်းသာမိပါတယ် " လို့ Pardew က ပြောခဲ့ပါတယ်။
" Martial ရဲ့ အသက်က လက်ချိုးရေတွက်လို့ရပေမယ့် သူရဲ့ အရည်အချင်းက လက်ချိုးရေတွက်လို့ မရခဲ့ဘူး။ သူ့လို အရည်အချင်း ပြည့်ဝတဲ့ ကစားသမားကို မန်ယူက ထိန်းထားနိုင်ဖို့ အတော်ကြိုးစားရမယ်။ ဒီပွဲမှာ တိုက်စစ်မှူး Rooney ကိုတော့ ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်။ သူအခွင့်အရေးကို မရခဲ့ဘူး ထင်ပါတယ် " လို့ Pardew က ထပ်လောင်းပြောကြားသွားပါတယ်။
ဆက်စပ်သတင်းတွေအရ မန်ယူအသင်းဟာ လက်စတာ ကွင်းလယ်လူ Mahrez ကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ Mahrez ဟာ အသင်းဖော် Vardy ဂိုးသွင်းနိုင်ဖို့ အကောင်းဆုံး ထောက်ပံ့ပေးနေတဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးကလည်း ကြိုးစားလာဖွယ်ရှိတယ်လို့ သိရပါတယ်။
Ref : Goal.com
Original link - http://sports.thithtoolwin.com/2015/11/martial-pardew.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment