မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 11, 2015

ဘန်ဇီမာကို ပြင်သစ် လက်ရွေးစင် အဖြစ် ရပ်ဆိုင်း




စပိန်လာလီဂါ ရီးရဲလ် မက်ဒရစ် အသင်း ကစားသမား ကရင့် ဘန်ဇီမာကို ပြင်သစ် အသင်း လက်ရွေးစင် အဖြစ်ကနေ ရပ်ဆိုင်း လိုက်ပါတယ်။

လိင်ပိုင်း ဆိုင်ရာ ရုပ်သံနဲ့ ခြိမ်းခြောက် အကြပ် ကိုင်တဲ့ လုပ်ရပ်မှာ ပါဝင်နေ တယ်လို့ စွပ်စွဲ ထားချက်နဲ့ ပတ်သက်ပြီး စုံစမ်းမှုကို မဖြေရှင်းနိုင် သရွေ့ ရပ်ဆိုင်း လိုက်တာ ဖြစ်ပါတယ်။

ပြင်သစ်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ကတော့ ဒီလို ရပ်ဆိုင်း လိုက်ရတာ အတော်ကို ထိခိုက်တဲ့ ကိစ္စ jဖစ်တယ်လို့ ပြောပါတယ်။

ဒီအတွက် ဇွန်မှာ စတင်မယ့် ယူရို ၂၀၁၆ ကို ဘန်ဇီမာအနေနဲ့ လွဲချော်နိုင်မယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။

အသင်းဖော် မာသီယူ ဗာဘူနားဆီကနေ လိင်ပိုင်းဆိုင်ရာ ဗွီဒီယိုနဲ့ ခြိမ်းခြောက် အကြပ်ကိုင်မှုအတွက် ပြင်သစ်တရားသူကြီးတွေရဲ့ စုံစမ်းစစ်ဆေးမှုကို ဘန်ဇီမာ ရင်ဆိုင်နေရပါတယ်။

အပြစ်ရှိတယ်လို့ တွေ့ရှိရရင်တော့ ထောင်ဒဏ် ၅ နှစ် ကျခံရမှာ ဖြစ်ပြီး ဘန်ဇီမာကတော့ ဒီဖြစ်ရပ်ကို ငြင်းဆန်ထားပါတယ်။

By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/126447

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment