မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 11, 2015

အကြမ်းဖက် အပြုအမှုကြောင့် မန်ယူကစားသမား ရှဝိန်းစတိုင်ဂါ ၃ ပွဲပယ်ခံရ




အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်းက အလယ်တန်း ကစားသမား ရှဝိန်း စတိုင်ဂါကို အကြမ်းဖက် အပြုအမှု အတွက် အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က ၃ ပွဲ ပယ်လိုက် ပါတယ်။

အိုးထရက်ဖို့ဒ် ၀က်စ်ဟမ်းနဲ့ကစားတဲ့ ပွဲမှာ အလွတ် တည်ကန်ဘော ကန်ခွင့် ရချိန် တဖက်အသင်း ကစားသမား ၀င်စတန်ရိုက်ကို ဘယ်လက်နဲ့ ဖမ်းခဲ့တဲ့ အတွက် အခုလို ပြစ်ဒဏ် ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကို ပွဲကြီးကြပ်တဲ့သူတွေ မမြင်ပေမယ့် ရုပ်သံဖိုင်မှာ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒိုင်လူကြီး ၃ ဦးက ရုပ်သံဖိုင်ကို ပြန်လည် သုံးသပ်ပြီး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအတွက် စတိုင်ဂါက ဘုန်းမောက်၊ နော်ဝှစ်ခ်ျ၊ စတုတ်အသင်းတွေနဲ့ ကစားမယ့် ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။

ဝင်စတန်ရိုက်ကလည်း မျက်နှာကို စတိုင်ဂါက တံတောင်နဲ့ ပွတ်ခဲ့တယ်လို့ ပြောဆိုသလို ၀က်စ်ဟမ်းမန်နေဂျာကလည်း ဒါဟာ တိုက်ရိုက်အနီကတ်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/126463

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment