လော့ဒ်ကိုးလ်
နိုင်ငံတကာ ပြေးခုန်ပစ် အဖွဲ့များ ဖက်ဒရေးရှင်း (အိုင်အေအေအက်ဖ်) ရဲ့ အကျင့်ပျက် ခြစားမှုက ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)လောက် မကြီးကျယ် ဘူးလို့ ဒီအဖွဲ့ ဥက္ကဋ္ဌ လော့ဒ်ကိုးလ်က ပြောပါတယ်။
ပြေးခုန်ပစ် အရှုပ်တော်ပုံက ဖီဖာ အရှုပ်တော်ပုံလောက် ကြီးမား သလားဆိုတဲ့ အမေးကို အခုလို တုံ့ပြန် လိုက်တာ ဖြစ်ပြီး လေးလေး နက်နက် လုပ်ဆောင်ချက်တွေ ကနေ ရှောင်ထွက်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ဆေးမအောင်တဲ့ ရုရှား ပြေးခုန်ပစ် သမားတွေကို အကာ အကွယ်ပေး ခဲ့သလို ၂၀၂၁ ခုနှစ် ကမာ့္ဘပြေးခုန်ပစ် ချန်ပီယံပြိုင်ပွဲ ကျင်းပခွင့် ပေးတာနဲ့ ပတ်သက်ပြီး အရှုပ်တော်ပုံတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိုင်အေအေအက်ဖ်က ဥက္ကဋ္ဌဟောင်းနဲ့ တခြား အဆင့်မြင့် အရာရှိတွေကို ပြင်သစ် ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။
၂၀၂၁ ခုနှစ် ပြေးခုန်ပစ် ကမ္ဘာ့ချန်ပီယံပွဲတော်ကို အမေရိကန်ပြည်ထောင်စု မြို့တော် ယူဂျင်းမှာ ကျင်းပခွင့်ပေးဖို့ ဆုံးဖြတ်တာဟာ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့လည်း စွပ်စွဲမှုတွေ ရှိနေပါတယ်။
ဆေးမအောင်တဲ့ ကစားသမားတွေဆီကနေ ငွေကြေး ရယူခဲ့တယ်လို့ အိုင်အေအေအက်ဖ် ဥက္ကဋ္ဌဟောင်း လာမိုင်းဒိုက်ကို စွပ်စွဲထားတာ ဖြစ်ပါတယ်။
By ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/126472
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments:
Post a Comment