ဇန်န၀ါရီ ၁၇ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ မန်ယူနဲ့ လီဗာပူး အသင်းကြီး ၂ သင်း ထိပ်တိုက် တွေ့တဲ့ ပွဲစဉ်မှာ မန်ယူက တဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရ သွားပါတယ်။
မန်ယူ အတွက် တလုံး တည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ရွန်နီက ၇၈ မိနစ်မှာ အနီးကပ် ကန်သွင်း ယူတာ ဖြစ်ပါတယ်။
အသင်းကြီး ၂ သင်း ဆုံတာဖြစ်လို့ အကြိတ် အနယ်နဲ့ အပြန်အလှန် ထိုးဖောက် ကစားနိုင်လို့ ပရိသတ် အကြိုက် ပွဲကောင်း တပွဲလည်း ဖြစ်ခဲ့ ပါတယ်။
လီဗာပူးက အိမ်ကွင်းဖြစ်တဲ့ အန်ဖီးလ်မှာ ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပြီး မန်ယူ ဂိုးသမား ဒီဂီယာလည်း လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်နိုင် ခဲ့ပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ်လည်း ဂိုးသမား ဒီဂီယာ သတ်မှတ်ခြင်း ခံခဲ့ ရပါတယ်။
ဒီပွဲနိုင်တဲ့ မန်ယူက ၃၇ မှတ်နဲ့ အဆင့် ၅ နေရာကို တက်သွားပြီး အမှတ်ပေး ဇယားထိပ်က အာဆင်နယ်နဲ့ ၇ မှတ် အကွာမှာ ရှိနေပါတယ်။
လီဗာပူးကတော့ ၃၁ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/131291
No comments:
Post a Comment