စပိန် ထိပ်သီး ရီရဲလ် မက်ဒရစ် အသင်းဟာ နည်းပြ ရာဖာဘန်နီ တက်စ်ကို ရာထူး ကနေ ထုတ်ပယ် လိုက်ပြီး ဘီအသင်းကို ကိုင်နေတဲ့ ပြင်သစ် ဂန္ထ၀င် ကစားသမားကြီး ဇီဒန်း ကို အစားထိုး ခန့်အပ် လိုက်ပါတယ်။
ရာသီတ၀က် အတွင်းမှာပဲ နည်းပြ အပြောင်းအလဲ လုပ်လိုက် တာဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အသင်း ဥက္ကဋ္ဌ ဖလိုရန် တီနို ပီယာရက်စ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဇနီးနဲ့ကလေးတွေနဲ့အတူ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ဇီဒန်းကလည်း ရာထူးသစ်အတွက် စိတ်လှုပ်ရှားနေတဲ့အကြောင်းနဲ့ အသင်း အောင်မြင်ဖို့အတွက် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ကြိုးစားသွားမယ်လို့ ပြောပါတယ်။
ဇီဒန်းနဲ့ စာချုပ်သက်တမ်း ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ ရီရဲလ်ကလပ်က လောလောဆယ် ထုတ်မပြောသေးပါဘူး။
ဇီဒန်းဟာ ရီရဲလ်အသင်းမှာ ငါးရာသီ ကစားခဲ့ပြီး ဥရောပ ဖလားနဲ့ ၂၀၀၂ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်အောင် ပံ့ပိုးပေးခဲ့သူဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/129697
No comments:
Post a Comment