မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, January 5, 2016

အပြောင်းအရွှေ့ ပိတ်ပင်မှုပြစ်ဒဏ် ပြီးနောက် ဘာစီ ကစားသမားသစ် ၇၇ ဦး စာရင်း တင်သွင်း




ဘာစီလိုနာ၊ ဒီဇင်ဘာ ၅

အပြောင်းအရွှေ့ ပိတ်ပင်မှု ပြစ်ဒဏ် ပြီးဆုံး သွားပြီးနောက် ဘာစီလိုနာ အသင်းသည် အသင်းကြီးမှ စပြီး အသက် အရွယ် အလိုက် အသင်းများ အားလုံးပေါင်း ကစားသမားသစ် ၇၇ ဦး အထိ စာရင်း တင်သွင်း လိုက်သည်။

ဘာစီလိုနာအသင်းသည် အသက် ၁၈ နှစ်မပြည့်သေးသည့် ကစားသမားများ ၀ယ်ယူခဲ့မှုကြောင့် ဖီဖာက ၁၄ လကြာ အပြောင်းအရွှေ့ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ဘာစီလိုနာအသင်းသည် ကစားသမားသစ် ၇၇ ဦးအထိ စာရင်းသွင်းပြီးနောက် အပြောင်းအရွှေ့ဈေးကွက်တွင် အလုပ်ရှုပ်နေပြီ ဖြစ်သည်။

ရာသီအစက ၀ယ်ယူထားခဲ့သော အက်သလက်တီကိုကွင်းလယ်လူ အာဒါတူရန်နှင့် ဆီဗီလာနောက်ခံလူ ဗီဒယ်တို့မှာ ဘာစီလိုနာအသင်းကြီး၏ အဖွဲ့ဝင်သစ်များ ဖြစ်လာပြီ ဖြစ်သည်။

စာရင်းသစ်တင်သွင်းလိုက်သော ၇၇ ဦးတွင် အာဒါတူရန်နှင့် ဆီဗီလာတို့ နှစ်ဦးသာ အသင်းကြီးမှ ဖြစ်ပြီး ကျန်ကစားသမား ၇၅ ဦးမှာ အရန်အသင်းနှင့် ကျန်သက်တမ်းအလိုက်အသင်းများမှ ဖြစ်သည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/9415


No comments:

Post a Comment