ဇန်န၀ါရီ ၁၇ ရက်ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ အာဆင်နယ်က စတုတ် စီးတီး အသင်းနဲ့ ဂိုးမရှိ သရေကျ သွားပါတယ်။
စတုတ်စီးတီးက အိမ်ကွင်းမှာ မာမာ ထန်ထန် ယှဉ်ပြိုင် သွားပြီး တဘက် အသင်းဘက်ကို ထိုးဖောက် ခြိမ်းခြောက် မှုတွေ ပြုလုပ်နိုင် ခဲ့ပါတယ်။
အာဆင်နယ်မှာ အားထားရတဲ့ အိုဇေး ဒဏ်ရာကြောင့် ဒီပွဲမှာ ပါဝင်နိုင်ခြင်း မရှိလို့ ကွင်းလယ်ပိုင်းမှာ အသာစီး ရယူနိုင်ခြင်း မရှိပါဘူး။
အာဆင်နယ်က ချိန်ဘာလိန်နဲ့ တိုက်စစ်မှူး ဂျရူးတို့ရဲ့ ထိုးဖောက် ကန်သွင်းချက်တွေကို စတုတ်ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အကောင်းဆုံး ကစားသမားအဖြစ်လည်း စတုတ်ဂိုးသမား ဂျက် ဘတ်လန်က သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
စတုတ်ဘက်က ထိုးဖောက် ကန်သွင်းချက်တွေကိုလည်း အာဆင်နယ်ဂိုးသမား ပီတာ ချက် ကာကွယ်နိုင်ခဲ့ပါတယ်။
စတုတ်ကတော့ နည်းပြ မတ်က် ဟုခ်လက်ထက် အိမ်ကွင်းမှာ အာဆင်နယ်ကို မရှုံးသေးတဲ့ အစဉ်အလာကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
ဒီပွဲသရေကျတဲ့ အာဆင်နယ်က ၄၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ကို တက်သွားပြီး စတုတ်က ၃၃ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/131297
No comments:
Post a Comment