မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, January 1, 2016

မြန်မာနိုင်ငံ ONE Chanpionship (MMA) ပြိုင်ပွဲသို့ အောင်လအန်ဆိုင်း လာရောက် ယှဉ်ပြိုင်မည်



MMA ပြိုင်ပွဲတခု၌ အောင်လအန်ဆိုင်း ယှဉ်ပြိုင်ထိုးသတ်နေစဉ် (ဓာတ်ပုံ - အောင်လအန်ဆိုင်းဖေ့ဘုတ်)

ဇန်နဝါရီ ၁၊ ရန်ကုန်

မြန်မာနိုင်ငံတွင် ဒုတိယ အကြိမ်မြောက် ကျင်းပ ပြုလုပ်မည့် ONE Chanpionship (MMA) ပြိုင်ပွဲသို့ အမေရိကန် နိုင်ငံသား ကချင်လူမျိုး MMA လက်ဝှေ့သမား အောင်လအန်ဆိုင်း လာရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါ MMA (ကိုယ်ခံ ပညာပေါင်းစုံ အသုံးပြု) ပြိုင်ပွဲကို စင်ကာပူ မီဒီယာ လုပ်ငန်းစု ဖြစ်သည့် ONE Championship (ONE) နှင့် အာရှ စိမ်းလန်းဖွံ့ဖြိုးရေး ဘဏ် (AGD Bank) တို့ ပူးပေါင်း စီစဉ်ခြင်း ဖြစ်ပြီး ၂၀၁၆ မတ်လ ၁၇ ရက်တွင် သုဝဏ္ဏ အမျိုးသား အားကစားကွင်းရုံ (၁) ၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

“ ဒီတခေါက်ပြိုင်ပွဲကို အောင်လအန်ဆိုင်းလာပြိုင်မှာပါ။ သဘောတူထားတယ်လို့ သိရပါတယ်။ သူက ပထမတခေါက်ထဲက လာမလို့ပါပဲ။ သူ့ကို ဘယ်ပွဲထည့်မလဲဆိုတာတော့ မသိသေးပါဘူး။

ပွဲစီစဉ်တဲ့သူတွေ အစီအစဉ်ဆွဲနေတုန်းပါပဲ။ ဟိုတခေါက်လို ကမ္ဘာ့ချန်ပီယံလုပွဲ ဖြစ်ဖို့လည်းများပါတယ်။ လာမယ့် သတင်းစာရှင်းလင်းပွဲကျရင်တော့ အားလုံးသိရလောက်ပါပြီ ” ဟု ONE Chanpionship ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးကျော်ကျော်စိုးမှ ပြောသည်။

အသက် ၃၀ အရွယ်ရှိ ကချင်လူမျိုး အောင်လအန်ဆိုင်းသည် ကချင်ပြည်နယ် မြစ်ြကီးနားမြို့တွင် မွေးဖွားခဲ့ပြီး အပျော်တမ်းလက်ဝှေ့လောကမှ အမေရိကန်နိုင်ငံ MMA ပြိုင်ပွဲသို့ ၂၀၀၄ ခုနှစ်တွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရရှိသည့်ဆုကြေးငွေများကိုလည်း ကချင်ပြည်နယ်ဒုက္ခသည်စခန်းသို့ လှူဒါန်းပေးလျက်ရှိသည့် MMA လက်ဝှေ့သမားတစ်ဦး ဖြစ်သည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/9291


No comments:

Post a Comment