မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 14, 2016

မန်ယူနောက်တန်းသမား ဒါမီရန် ဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူရမည်




မန်ယူ နောက်တန်း သမား ဒါမီရန်ဟာ ပခုံး အဆစ်လွဲတဲ့ ဒဏ်ရာကြောင့် လပေါင်း များစွာ အနားယူ ရဖွယ် ရှိနေပါတယ်။

အသက် ၂၆ နှစ် အရွယ် ဗဟိုနောက်ခံလူဟာ ဆန်းဒါးလန်းကို ရှုံးတဲ့ပွဲမှာ တဖက် ကစားသမားနဲ့ တိုက်မိပြီး ဒဏ်ရာ ရခဲ့တာပါ။

သူ့ ဒဏ်ရာက သီတင်းပတ်ပေါင်း များစွာ အနားယူ ရတောမှာပါလို့ နည်းပြ ဗန်ဂါးက ပြောပါတယ်။

ဒါမီရန်ဟာ လုခ် ရှော၊ ရိုဂျို၊ အက်ရှလေယန်း၊ ဗယ်လန်စီယာတို့နဲ့အတူ ဒဏ်ရာ ရတဲ့ လူစာရင်းမှာ ပါဝင် သွားပါတယ်။

ဒါမီရန် ဒဏ်ရာသွားလို့ နဂိုကတည်းက အမှားအယွင်း များတဲ့ မန်ယူ နောက်တန်း အတွက်လည်း ထိုးနှက်ချက် တခုလို ဖြစ်ခဲ့ပါတယ်။

ဒါမီရန် နာသွားလို့ သူ့နေရာမှာ အသက် ၂၁ နှစ် အရွယ် လပ်က ၀င်ရောက် ကစားခဲ့ ရပါတယ်။

ကျနော်တို့မှာ နောက်ထပ် အားဖြည့်စရာ ဗဟိုနောက်ခံလူ မရှိတော့ ဘူးလို့လည်း နည်းပြ ဗန်ဂါးက ပြောဆို သွားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/135299


No comments:

Post a Comment