ဖေဖော်ဝါရီ ၁၄ ရက်နေ့က ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးက အက်စ်တွန် ဗီလာကို ၆ ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရ လိုက်ပါတယ်။
လီဗာပူး အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၆ မိနစ်မှာ တိုက်စစ်မှူး စတာရစ်က သွင်းယူ ပါတယ်။
စတာရစ် အတွက်တော့ ဒဏ်ရာ ကနေ ပြန်လာ ပြီးနောက်ပိုင်း ပထမဆုံး အဖြစ် ပွဲစ ကတည်းက ပါဝင် လာတာပါ။
ဒုတိယဂိုးကို မီလ်နာက သွင်းယူပြီး တတိယဂိုးကို ကန်က ၅၈ မိနစ်မှာ သွင်းယူ ပါတယ်။
ဂိုးတွေ ပေးလိုက် ရပေမယ့်လည်း တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဗီလာအသင်းက မလျှော့တမ်း ယှဉ်ပြိုင် သွားပါတယ်။
စတုတ္ထမြောက်ဂိုးကို အိုရီဂီ၊ ပဉ္စမမြောက်ဂိုးကို ကလိုင်းက အသီးသီး သွင်းယူပါတယ်။
နောက်ဆုံးအပိတ်ဂိုးကို နောက်တန်းကစားသမား တိုရေးက ၇၁ မိနစ်မှာ သွင်းယူပြီး ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲနိုင်တဲ့ လီဗာပူးက ၃၈ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာကို တက်သွားပြီး ဗီလာက ၁၆ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/135373
No comments:
Post a Comment