မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 20, 2016

ချဲလ်ဆီး ၂-၂ ၀က်စ်ဟမ်း (ရုပ်သံဟိုက်လိုက်)




မတ် ၁၉ ရက်ည ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက ပွဲပြီးကာနီးမှာ ရတဲ့ ပင်နယ်တီ ဂိုးကြောင့် ၀က်စ်ဟမ်းနဲ့ ၂ ဂိုးစီ သရေကျ သွားပါတယ်။

ဒီပွဲ သရေကျလို့ ၀က်စ်ဟမ်း အသင်းရဲ့ ဒီနှစ်ရာသီ အကုန်မှာ အဆင့် ၄ ၀င်ရေး မျှော်လင့်ချက် aတွလည်း ထိခိုက် သွားရ ပါတယ်။

ဝက်စ်ဟမ်းက အဝေးကွင်း ဖြစ်ပေမယ့်လည်း ဦးဆောင်ဂိုးကို လန်ဇီနီက ၁၇ မိနစ်မှာ စတင် သွင်းယူပါတယ်။

အိမ်ရှင် ချဲလ်ဆီးအတွက် ချေပဂိုးကို ကွင်းလယ်သမား ဖာဘရီဂတ်စ်က ပထမပိုင်းပြီးကာနီးမှာ ဖရီးကစ်ကနေ ပြန်လည် သွင်းယူပါတယ်။

ဝက်စ်ဟမ်းအတွက် ဒုတိယဂိုးကို ၆၁ မိနစ်မှာ လူစားဝင်လာတဲ့ တိုက်စစ်မှူး ကာရိုးက သွင်းယူပါတယ်။

ချဲလ်ဆီးအတွက် ဒုတိယချေပဂိုးကို ဖာဘရီဂတ်စ်က ပင်နယ်တီကနေ သွင်းယူပါတယ်။ ဒီပွဲသရေကျလို့ ချဲလ်ဆီးဟာ နည်းပြသစ် ဟစ်ဒစ် လက်ထက် ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

လောလောဆယ်မှာ ချဲလ်ဆီးက ၄၁ မှတ်နဲ့ အဆင့် ၁၀ မှာ ရှိနေပြီး ၀က်စ်ဟမ်းက အမှတ် ၅၀ နဲ့ အဆင့် ၅ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/140277


No comments:

Post a Comment