
အင်္ဂလန် ပရီးမီးယားလိဂ်က လီဗာပူး အသင်း ခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆင်က ဒူးဒဏ်ရာကြောင့် ဒီနှစ်ဘောလုံး ရာသီ လက်ကျန်ပွဲ အားလုံးကို လွဲချော်မှာ ဖြစ်ပါတယ်။
ယူရိုပါလိဂ်မှာ ဂျာမနီဘွန်ဒစ်လီဂါက ဒေါ့မွန်နဲ့ကစားတဲ့ပွဲမှာ ဒူးဒဏ်ရာရရှိသွားတဲ့အတွက် အနည်းဆုံး ၆ ပတ်ကနေ ၈ ပတ်အကြား နားရမှာ ဖြစ်ပါတယ်။ ဒီအတွက် ယူရို ၂၀၁၆မှာ ပါဝင်နိုင်ရေးကလည်း မရေရာတဲ့ အနေအထားမှာ ရှိနေပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဟန်ဒါဆင်ရဲ့ အင်္ဂလန်အသင်းရဲ့ ပထမဆုံးပွဲစဉ်ဟာ ဇွန် ၁၁ ရက်မှာ ဖြစ်ပြီး ၉ ပတ်သာ လိုပါတော့တယ်။ အင်္ဂလန်နည်းပြ ရွိုင်ဟော့ဆန်ကလည်း ကြံ့ခိုင်မှု မပြည့်တဲ့သူတွေကို အသင်း လူစာရင်းမှာ ထည့်သွင်းလိုတဲ့ ဆန္ဒမရှိဘူးလို့ ထုတ်ပြောထားပါတယ်။
အသက် ၂၅ နှစ် ဟန်ဒါဆင်ကလည်း ယူရို ခြေစစ်ပွဲမှာ အင်္ဂလန်အတွက် ၆ ပွဲကစားထားပေးပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/143828

No comments:
Post a Comment