မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, April 19, 2016

လက်စတာ တိုက်စစ်မှူး ပွဲပယ်ပြစ်ဒဏ်ပိုမိုကျခံရဖွယ်ရှိ


ဓာတ်ပုံ - ဘီဘီစီ

မသင့်တော်တဲ့ အပြုအမှု အတွက် ဘောလုံး အဖွဲ့ချုပ် (အက်ဖ်အေ) က စွဲဆိုထား တာကို ခံရတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် လက်စတာ တိုက်စစ်မှူး ဂျာမီး ဗာဒီဟာ ပွဲပယ် ပြစ်ဒဏ်ကို ပိုမို ခံရဖွယ် ရှိနေ ပါတယ်။

ဝက်စ်ဟမ်းအသင်းနဲ့ သရေကျတဲ့ ပွဲမှာ ဒိုင်လူကြီး ဂျွန်မော့စ်က အနီကတ် ပြတာကို ဗာဒီက ကန့်ကွက်ခဲ့တဲ့ အပေါ် အက်ဖ်အေက စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

ဗာဒီက ဒီပွဲမှာ အစောပိုင်းက အ၀ါကတ်ပြခံထားရပြီး နောက်ထပ်အ၀ါကတ်ပြခံရတဲ့ အချိန်မှာ ဒိုင်လူကြီးနဲ့ ထိပ်တိုက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

၂၀ါ တနီကြောင့် တပွဲပယ် ပြစ်ဒဏ်ခံရမှာ ဖြစ်ပေမယ့် အက်ဖ်အေရဲ့ စွဲချက်ကြောင့် ပိုမို ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ၈၃ မိနစ်မှာ ၀က်စ်ဟမ်းအသင်းက ပင်နယ်တီရတဲ့အပေါ် ကစားသမားတွေကို မထိန်းချုပ် နိုင်တဲ့အတွက် လက်စတာအသင်းကလည်း စွဲဆိုခံထားရပါတယ်။

ဒီစွဲဆိုချက်ကို လက်စတာနဲ့ ဗာဒီတို့ ဧပြီ ၂၁ ရက်မှာ တုံ့ပြန်ရမှာလည်း ဖြစ်ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/145658

No comments:

Post a Comment