![]() |
မီးရှုး မီးပန်းတွေ ပစ်ဖောက် ခဲ့တဲ့ အတွက် အင်္ဂလန်အသင်း လီဗာပူး အသင်းက ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)ရဲ့ စွဲချက်တွေ ပိုမို ခံရဖွယ် ရှိနေပါတယ်။
အရင်သီတင်းပတ်က ဂျာမနီ ဘွန်ဒစ်လီဂါက ဒေါ့မွန်အသင်းကို အနိုင်ရတဲ့ ပွဲမှာ လီဗာပူး ပရိသတ်တွေက မီးရှုးကို ကွင်းအတွင်း ပစ်ချခဲ့ပါတယ်။
အစောပိုင်းကလည်း မီးရှုးပစ်ဖောက်တဲ့အတွက်နဲ့ ပရိသတ်ရဲ့ နှောင့်ယှက်မှုနဲ့ လီဗာပူးအသင်းက စွဲချက်တင်ခံထားရပါတယ်။
မေ ၁၉ ရက်မှာ ယူအီးအက်ဖ်အေ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက စုံစမ်း စစ်ဆေးမှာ ဖြစ်ပါတယ်။
ဘာဆဲလ်မှာ ကျင်းပမယ့် ယူရိုပါလိဂ် ဖိုင်နယ်အပြီးမှာတော့ လီဗာပူးအပေါ် စွဲချက်တွေကို ကြားနာ စစ်ဆေးမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/145667







No comments:
Post a Comment