မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, April 19, 2016

လက်စတာအသင်းအောင်မြင်မှု အင်းအိုင်လက်ဖွဲ့ ကိစ္စ ထိုင်းဘုန်းကြီး ရှင်းလင်း




အင်္ဂလန် ပရီးမီးယားလိဂ်က လက်စတာ အသင်းဟာ အင်းအိုင် လက်ဖွဲ့ကြောင့် ပရီးမီးယား လိဂ်မှာ ဦးဆောင်တာ မဟုတ်ဘဲ ကံကောင်းတဲ့ အတွက် ထိပ်ဆုံးမှာ ရပ်တည်ခွင့် ရတာလို့ ထိုင်း ဘုန်းတော်ကြီးက မိန့်ကြား ပါတယ်။

နည်းပြရဲ့ နည်းစနစ်၊ ကစားသမားတွေရဲ့ ဖန်တီးမှုနဲ့ သွင်းဂိုးတွေက ထိပ်တန်းမှာ ရပ်တည်ဖို့အတွက် အစိတ်အပိုင်းဖြစ်သလို ကံကြမ္မာကလည်း မျက်နှာသာ ပေးတာ ရှိတယ်လို့ ဆိုပါတယ်။

ကလပ်အသင်းပိုင်ရှင် ထိုင်းစီးပွားရေးသမား ဗီချိုင်း သီဗတ်ဟန်နာပရာဗရဲ့ ရိုးသားတဲ့ လုပ်ဆောင်ချက်ကလည်း အသင်းအောင်မြင်ရတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ဘန်ကောက် သရိုင်မိ ၀ီထရာအရမ် ဝေါရ၀ိဟန် ဘုန်းကြီးကျောင်းက ဆရာတော် ပရိုမင်္ဂလာချန်ရဲ့ လက်ထောက်က ပြောပါတယ်။

တကယ်တော့ လက်စတာအသင်း ပရီးမီးယားလိဂ်မှာ ထိပ်တန်းက ရပ်တည်နိုင်တာဟာ ဒါဟာ အဆောင်လက်ဖွဲ့ကောင်းတွေကြောင့် မဟုတ်ဘဲ ၀ီချိုင်းရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်ကြောင့် ကမ္ဘာတ၀န်း ပရိသတ်တွေရဲ့ ထောက်ခံမှုရပြီး အသင်းအတွက် အင်အား ဖြစ်လာတာလို့ သူက ပြောပါတယ်။

ဝီချိုင်းဟာ သံဃာတော်တွေကို ကိုးကွယ်ယုံကြည်သူတဦးဖြစ်ပြီး အများစုက အင်းအိုင်လက်ဖွဲ့တွေက လက်စတာကို ထိပ်ဆုံးရောက်အောင် ကူညီတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

သရိုင်မိ ၀ီထရာအရမ် ဝေါရ၀ိဟန်ကျောင်းက သံဃာတော်တွေကို ပင့်ဖိတ်ပြီး ကလပ်အသင်းပိုင် ကွင်းမှာ ရွတ်ဖတ်သရဇ္ဈာယ် ဆုတောင်းခဲ့သလို ကစားသမားတွေ ကံကောင်းစေတဲ့ လက်ဖွဲ့တွေကို ပေးခဲ့ပါတယ်။

ဒီအတွက် ပရီးမီးယားလိဂ်ရဲ့ ဒီနှစ်ဘောလုံးရာသီမှာ လက်ဆက်စတာအသင်းက ဇယားထိပ်မှာ ရပ်တည်နေတာဟာ အဆောင်ကောင်းတဲ့အတွက်လားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/145722

No comments:

Post a Comment