အင်္ဂလန် ပရီးမီးယားလိဂ်က တော့တင်ဟမ် ဟော့စပါး အသင်းက စတုတ် အသင်းကို ၄ ဂိုးပြတ် အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ ဦးဆောင်နေတဲ့ လက်စတာနဲ့ အမှတ် ကွာဟချက်ကို လျော့ချ လိုက်ပါတယ်။
ပွဲစပြီး ၉ မိနစ်အကြာမှာပဲ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကအဖွင့်ဂိုး သွင်းယူပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားပါတယ်။
ဒီနောက် ဒုတိယပိုင်း ၆၇ မိနစ်မှာ အလီက ဒုတိယဂိုးသွင်းယူသလို ၇၁ မိနစ်မှာ ဟယ်ရီကိန်းက တတိယဂိုးနဲ့ ၈၂ မိနစ်မှာ အလီက စတုတ္ထဂိုး ထပ်မံသွင်းယူပါတယ်။
စတုတ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားရတဲ့ပွဲမှာ စတုတ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးရ ယူခဲ့ပေမယ့် စပါးက ဂိုးပေါက်ကန်သွင်းခွင့်ကို အသာစီးရယူနိုင်ခဲ့ပါတယ်။
စပါးအသင်းရဲ့ အနိုင်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ လက်စတာ အသင်းနဲ့ အရင်က အမှတ်ကွာဟချက် ၇ မှတ်ကနေ ၅ မှတ်အထိ လျော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။
By ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/145652
No comments:
Post a Comment