မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 20, 2016

ညစ်ပတ်သည့် ကစားသမား မဟုတ်ဟု မန်ယူ ကွင်းလယ်လူ ပြော




မန်ချက်စတာ ကွင်းလယ် သမား ဖယ်လိုင်နီက သူဟာ ညစ်ပတ်တဲ့ ကစားသမား တယောက် မဟုတ်ဘူးလို့ ပြောဆို လိုက်ပါတယ်။

အသက် ၂၈ နှစ် အရွယ် ဖယ်လိုင်နီဟာ လီဗာပူး ကစားသမား ကန်အပေါ်မှာ တံတောင်နဲ့ တွတ်လိုက်တဲ့ လုပ်ရပ် အပေါ် ကာကွယ် ပြောဆို လိုက်တာ ဖြစ်ပါတယ်။

လီဗာပူးကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ ယူရိုပါလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ ဖယ်လိုင်နီဟာ တဖက် ကစားသမားအပေါ် ကိုယ်ထိလက်ရောက် ပြုမူခဲ့တာပါ။

ကံကောင်းထောက်မံစွာပဲ ဘယ်ဂျီယမ် ကွင်းလယ်သမားဟာ ဒိုင်ရဲ့ အပြစ်ပေး အရေးယူခြင်းကနေ ကင်းလွတ်ခွင့် ရခဲ့ပါတယ်။

ကွင်းလယ်သမား ဖယ်လိုင်နီဟာ ခပ်မာမာ တုံ့ပြန်ကစားတဲ့အတွက် မန်ယူကို ၂၀၁၃ မှာ ရောက်ပြီး နောက်ပိုင်းမှာ ၂ ကြိမ်အထိ အနီကတ်နဲ့ အထုတ်ခံ ရဖူးပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/140269


No comments:

Post a Comment