ယူရို ၂၀၁၆ ခြေစစ် ပွဲစဉ် aတွမှာ ရှုံးပွဲမရှိ ခြေစစ်ပွဲ အောင်မြင် ထားတဲ့ အင်္ဂလန် အသင်းဟာ ခြေစစ်ပွဲ မအောင်တဲ့ နယ်သာလန် အသင်းနဲ့ မတ်လ ၂၉ ရက်နေ့က ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားရာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့် သွားပါတယ်။
အင်္ဂလန် အသင်းဟာ ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု အသာ၊ ဂိုးကန်သွင်းခွင့် အသာရ ခဲ့ပေမယ့် ဂိုးသွင်း မသေချာဘဲ ရှုံးနိမ့် သွားခဲ့တာပါ။
ဒီပွဲအတွက် အဖွင့်ဂိုးကို အင်္ဂလန်အသင်း တိုက်စစ်မှူး ဗာဒီက ပွဲချိန် ၄၁ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။
ဒီဂိုးဟာ နည်းပြ ရွိုင်းဟော့ဒ်ဆန်လက်ထက် အင်္ဂလန်အသင်းရတဲ့ ဂိုး ၁၀၀ မြောက်လည်း ဖြစ်ပါတယ်။
နယ်သာလန်အသင်းအတွက် မိနစ် ၅၀ မှာ ဂျန်ဆန်က ပယ်နယ်တီမှတဆင့် ချေပဂိုး၊ ၇၇ မိနစ်မှာ နာဆင်းက အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ နယ်သာလန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရယူသွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/142094
No comments:
Post a Comment