မတ် ၃၀၊ မန်ချက်စတာ
ရိုဟိုသည် လာမည့် နွေရာသီတွင် မန်ချက်စတာ ယူနိုက်တက် အသင်းကို မည်သည့် နည်းပြ ကိုင်တွယ်သည် ဖြစ်စေ ရောင်းထုတ် ခံရဖွယ်ရှိနေ သည်ဟု မယ်ရာ သတင်းစာက ဖော်ပြသည်။
အာဂျင်တီးနားလက်ရွေးစင်ကစားသမားသည် ၂၀၁၄ တွင် စပို့တင်းလစ္စဘွန်းမှ အိုးထရက်ဖို့ဒ်သို့ ပေါင် ၁၆ သန်းဖြင့်ပြောင်းခဲ့သူဖြစ်သော်လည်း အသင်း၏သုံးနှစ်ဆက် ဆုဖလားလက်မဲ့ဖြစ်နိုင်မှု အခြေအနေအတွက် စတေးခံရရန် ရှိနေခဲ့ခြင်းဖြစ်သည်။
ယူနိုက်တက်နည်းပြသစ်မည်သူဖြစ်လာရန်မသေချာသေးသည့်အနေအထား၌ပင် ရိုဟိုသည် ၂၀၁၆-၁၇ ဘောလုံးရာသီအတွက် အသင်းကို ပြန်လည် တည်ဆောက် ရာတွင် ငွေရလာစေရန် အတွက် ရောင်းထုတ် ခံရမည့် စာရင်း၌ ပါဝင်နေခြင်းဖြစ်သည်။
နောက်တန်းအစွန်နေရာတွင်သာမက နောက်တန်းအတွင်းလူအဖြစ်ပါကစားနိုင်စွမ်းရှိသည့် ရိုဟိုသည် အသင်းနှင့် စာချုပ်သက်တမ်း နှစ်နှစ် ကျန်ရှိနေသေးသည်။
ရိုဟိုကလည်း ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်မည့် ၂၀၁၉ တွင် ဇာတိမြေသို့ပြန်လိုကြောင်း ယခုတစ်ပတ်တွင် ထုတ်ဖော်ပြောဆိုထားသည်။
Ref; goal.com
မဇ္ဈိမသတင်း by ဝေဘုန်းလူ
Originally published at - http://mizzimaburmese.com/article/12944
No comments:
Post a Comment