မတ် ၅ ရက် အီတလီ စီးရီးအေ ပွဲစဉ်အဖြစ် ရိုးမားနဲ့ ဖီအိုရင် တီးနားပွဲမှာ ရိုးမားက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိ သွားပါတယ်။
ပထမပိုင်း ၂၂ မိနစ်မှာ ရိုးမားအသင်းက ဦးဆောင်ဂိုးသွင်းယူခဲ့သလို ၂၆ မိနစ်နဲ့ ၃၈ မိနစ်မှာ ဒုတိယ ဂိုးနဲ့ တတိယဂိုး အသီးသီး သွင်းယူခဲ့ပါတယ်။
ဖီအိုရင်တီးနားက ပထမပိုင်း ၄၅ မိနစ်မှာ ချေပဂိုး ၁ ဂိုး သွင်းယူခဲ့လို့ ပထမပိုင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရိုးမားက ပွဲကို ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၅၈ မိနစ်မှာ ရိုးမားအသင်းက အပိတ်ဂိုးကို သွင်းယူပြီး ၇ပွဲဆက်တိုက် အနိုင်ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
ဒီပွဲမှာ ၂ သင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုက ကွာခြားမှု သိပ်မရှိခဲ့သလို ရိုးမားအသင်းအတွက် ဆာလာက ၂ ဂိုးသွင်းယူခဲ့သလို အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ အကူအညီပေးပြီး အကောင်းဆုံးကစားသွားနိုင်ခဲ့ပါတယ်။
ဒီပွဲအနိုင်ကြောင့် ရိုးမားအသင်းဟာ ၂၈ ပွဲကစား ၅၆ မှတ်နဲ့ နာပိုလီရဲ့ အောက် အမှတ်ပေးဇယားမှာ တတိယ၊ ဖီအိုရင်တီးနားကတော့ ၂၈ ပွဲကစား ၅၃ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။
Originally published at - http://burmese.dvb.no/archives/138187
No comments:
Post a Comment