မတ် ၅၊ မန်ချက်စတာ
ပရီးမီးယားလိဂ် ဖလား ရချင်လျှင် လက်ကျန် ၁၁ ပွဲတွင် အနည်းဆုံး ကိုးပွဲနိုင်ရန် လိုအပ်သည်ဟု မန်စီးတီး အသင်းနည်းပြ ပယ်လီဂရီနီက ပြောသည်။
အဆင့် ၄ နေရာမှာ မန်စီးတီး အသင်းသည် ပရီးမီးယားလိဂ် သုံးပွဲ ဆက်ရှုံးပြီးနောက် အမှတ်ပေး ဇယားထိပ်မှ လက်စတာ အသင်းနှင့် ၁၀ မှတ် ကွာနေသည်။
လက်ရှိမန်စီးတီးအသင်းရထားသောအမှတ်ထက် ၂၈ မှတ်များနေသည့် ၇၅ မှတ်ရယူနိုင်ခဲ့မည်ဆိုပါက ဖလားရနိုင်သည်ဟု ပယ်လီဂရီနီက ယူဆနေသည်။
"ကျွန်တော်တို့အခြေအနေဆိုးတဲ့အခိုက်အတန့်ကိုပိုင်ဆိုင်ခဲ့ပေမယ့် လိုချင်တဲ့အနေအထားကိုရောက်ဖို့ ၃၃ မှတ်ကျန်နေပါသေးတယ်။ ပထမအကျော့မပြီးခင် လွန်ခဲ့တဲ့နှစ်လလောက်က ကျွန်တော်ပြောခဲ့ဖူးတာရှိပါတယ်။
ဗိုလ်စွဲတဲ့အသင်းက အမှတ် ၈၀ အောက်နည်းပြီးရလိမ့်မယ်လို့ပေါ့။ အတိအကျသိဖို့မဖြစ်နိုင်ပေမယ့် ကျွန်တော်တို့ ၇၅ မှတ်ဝန်းကျင်နဲ့အထက် ရရင် ချန်ပီယံဖြစ်ပါလိမ့်မယ်။
ကျွန်တော့်တို့ လက်လျှော့မှာမဟုတ်ဘူး။ ၁၀ မှတ်ဆိုတာများပေမယ့် ကျွန်တော်တို့တစ်ပွဲလျော့နေသေးတယ်။ ပရီးမီးယားလိဂ်မှာ အမှတ်တွေ လျော့နိုင်ဦးမလားဆိုတာလည်း ခင်ဗျားဘယ်တော့မှ မသိနိုင်ဘူး။
ကစားသမားတွေစိတ်ထဲမှာဘာကြောင့်အားလျော့နေမှာလို့လည်း ကျွန်တော်နားမလည်ဘူး။ သူတို့ကစားရချိန်တိုင်းမှာအနိုင်ရဖို့ အမြဲကြိုးစား နေတယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု ပယ်လီဂရီနီက ဆိုသည်။
Ref; BBC
မဇ္ဈိမသတင်း by mizzima
Originally published at - http://mizzimaburmese.com/article/11956
No comments:
Post a Comment