မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, March 5, 2016

ပရီးမီးယားလိဂ်က ဆန်းဒါးလန်းနှင့် ရန်ကုန် ယူနိုက်တက်တို့ ဆွေးနွေး




ဘောလုံး တိုးတက်ဖွံ့ဖြိုးရေး အတွက် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ဆန်းဒါးလန်းနဲ့ ရန်ကုန် ယူနိုက်တက် (YUFC) အသင်းတို့ ဆွေးနွေး ကြပါတယ်။

လူငယ်ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတကာ ကလပ်တွေနဲ့ ရန်ကုန် ယူနိုက်တက်က ပူးပေါင်း ဆောင်ရွက် နေရာမှာ ပထမ ခြေလှမ်း အနေနဲ့ မတ် ၅ ရက်မှာ ဆန်ဒါးလန်း အသင်း နိုင်ငံတကာ ဘောလုံး ဖွံ့ဖြိုးမှု အကြီးအကဲ ဂရာဟမ် ရော်ဘင်ဆင်နဲ့ YUFCကလပ် တာဝန်ရှိ သူတွေ ဆွေးနွေးတာလို့ YUFC လူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ်ပေါ်မှာ ရေးသား ထားပါတယ်။

YUFC နဲ့ ဆန်းဒါးလန်းတို့ မိတ်ဖက် ပူးပေါင်း ဆောင်ရွက်ရေး၊ ကလပ် ၂ သင်းအကြား ဘောလုံး တိုးတက်ရေး ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ အဓိကထား ဆွေးနွေး တယ်လို့လည်း ရေးသား ထားပါတယ်။

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားမှာတော့ YUFC က ၉ ပွဲကစား ၁၆ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/138238


No comments:

Post a Comment