မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, March 7, 2016

ဝက်စ်ဘရွန်းကိုရှုံးပြီး မန်ယူ ထိပ်ဆုံး ၄ သင်းဝင်ရေး မျှော်လင့်ချက် ထိခိုက် (ရုပ်သံဟိုက်လိုက်)




ဝက်စ်ဘရွန်း အသင်းကို ရှုံးတာဟာ ထိပ်ဆုံး ၄ သင်း စာရင်းဝင်ရေး မျှော်လင့် ချက်ကို အကြီး အကျယ် ထိခိုက် စေတယ်လို့ မန်ယူနည်းပြ လူးဝစ် ဗန်ဂါးက ပြောဆို လိုက်ပါတယ်။

မတ်လ ၆ ရက်ည ပရီးမီးယားလိ ဂ်ပွဲစဉ်မှာ မန်ယူဟာ ၀က်စ်ဘရွန်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားတဲ့ အတွက် နည်းပြ ဗန်ဂါးက အခုလို ပြောဆို လိုက်တာပါ။

မန်ယူဟာ အဲဒီပွဲမှာ ပထမပိုင်း ၂၆ မိနစ် မှာတင် ကွင်းလယ် ကစားသမား မာတာ ၂ ၀ါ ၁ နီနဲ့ အထုတ် ခံရပြီး စောစောစီးစီး တယောက်လျော့နဲ့ ယှဉ်ပြိုင် သွားရပါတယ်။

ဝက်စ်ဘရွန်း ကတော့ အိမ်ကွင်းမှာ ၃၂ နှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ် မန်ယူကို အနိုင်ရ သွားတာဖြစ်ပြီး အနိုင်ဂိုးကို ၆၆ မိနစ်မှာ သွင်းယူ ပါတယ်။

မန်ယူဟာ ဒီပွဲမှာ တယောက်လျော့နဲ့ ကစားရပေမယ့်လည်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။

ဒီပွဲရှုံးလို့ မန်ယူက ၄၇ မှတ်နဲ့ အဆင့် ၆ ကို လျော့ကျသွားပြီး အဆင့် ၄ နေရာက မန်စီးတီးနဲ့ ၃ မှတ်အကွာကို ရောက်ရှိသွားပါတယ်။

ဝက်စ်ဘရွန်းကတော့ ၃၉ မှတ်နဲ့ အဆင့် ၁၁ မှာ ရှိနေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/138435


No comments:

Post a Comment